spot_img

ဆလားဗီးယားပရပ်ဂ်နှင့်ပွဲမှ အာဆင်နယ်အသင်း၏ မှတ်တမ်းမှတ်ရာများ

  • အာဆင်နယ်အသင်းသည် ဥရောပပြိုင်ပွဲ(Fairs Cup အပါအဝင်) ဆီမီးဖိုင်နယ်အဆင့်သို့ (၁၀)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပြီး ယူရိုပါလိဂ်(ယခင် UEFA Cup) နောက်ဆုံး (၄)ကြိမ်တွင် ဆီမီးဖိုင်နယ်သို့ (၃)ကြိမ်ရောက်ရှိခြင်းဖြစ်သည်။
  • အာဆင်နယ်တိုက်စစ်မှူး လာကာဇက်သည် ၂၀၁၇ မေလက လိုင်ယွန်အသင်းတွင် (၃)ပွဲဆက် (၂)ဂိုးနှင့်အထက် သွင်းယူပြီးနောက် ယခု (၂)ဂိုးနှင့်အထက် ပွဲဆက် ပြန်လည်သွင်းယူနိုင်ခဲ့သည်။ ထို့ပြင် ယူရိုပါလိဂ်ရှုံးထွက်အဆင့်များတွင် သွင်းဂိုးစုစုပေါင်း (၁၈)ဂိုးအထိရှိလာပြီး အမည်ပြောင်းလဲခဲ့သည့် ၂၀၀၉-၁၀ ရာသီကတည်းက ဖယ်လ်ကာအို(၂၀ ဂိုး)၊ ဂါမဲရိုး(၁၉ ဂိုး)ပြီးလျှင် တတိယအများဆုံးဖြစ်နေသည်။
  • အာဆင်နယ်အသင်းသည် ယူရိုပါလိဂ်အဝေးကွင်း(၄)ပွဲဆက် အနည်းဆုံး(၃)ဂိုးစီ သွင်းယူနိုင်ခြင်းမှာ ၁၉၃၂ ဒီဇင်ဘာလနောက်ပိုင်း(၅ ပွဲ) ပထမဆုံးဖြစ်သည်။
  • အာဆင်နယ်တောင်ပံကစားသမား ဆာကာသည် ဥရောပပြိုင်ပွဲသွင်းဂိုး (၄)ဂိုးရှိလာပြီး အသင်းသမိုင်းတစ်လျှောက်(ခြေစ်ပွဲမပါ) ဥရောပသွင်းဂိုးအများဆုံး ဆယ်ကျော်သက်ကစားသမားအဖြစ် စံချိန်တင်ထားသည့် ချာလီဂျော့ချ်နှင့် ရေးကနေဒီတို့၏ သွင်းဂိုးအရေအတွက်ကို လိုက်မီခဲ့သည်။
  • အာဆင်နယ်တိုက်စစ်ကစားသမား ပေပေသည် ယခုရာသီ ယူရိုပါလိဂ်တွင် သွင်းဂိုးပါဝင်ပတ်သက်မှု ၇ ဂိုး(၄ ဂိုးသွင်း၊ ၃ ဂိုးဖန်တီး)အထိရှိလာပြီး ရိုးမားတိုက်စစ်မှူး မာယိုရယ်လ်(၉ ဂိုး)ပြီးလျှင် ဒုတိယအများဆုံးဖြစ်နေသည်။
  • အာဆင်နယ်လူငယ်ကြယ်ပွင့် စမစ်ရိုးသည် ယခုရာသီတွင် ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု (၇)ကြိမ်ရှိလာပြီး ဝီလီယံနှင့်အတူ အများဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular