spot_img

ဆန်ဒါဘာ့ချ်ကို ခေါ်ရင် မန်ယူတို့ Top 4 ဝင်ခွင့်နဲ့ ထပ်လွဲလိမ့်မယ်လို့ ပါ့ကား သုံးသပ်

ပစ်မှတ်ထားနေတဲ့ ကွင်းလယ်ကစားသမား မန်နူရယ်လ် အူဂါတေးကို ခေါ်ယူဖို့ ခက်ခဲနေတာကြောင့် ဘန်လေရဲ့ နော်ဝေ ကွင်းလယ်လူ ဆန်ဒါဘာ့ချ်ကိုသာ ပစ်မှတ်ထားလာခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဒီကစားသမားကိုသာ ခေါ်မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထပ်လွဲရလိမ့်မယ်လို့ ကစားသမားဟောင်း ပေါလ် ပါ့ကားက သုံးသပ်လိုက်ပါတယ်။

ယူနိုက်တက်က ဒီနွေမှာ တိုက်စစ်ပိုင်းအတွက် နယ်သာလန် တိုက်စစ်ကစားသမား ဂျိုရှုအာ ဇက်ခ်ဇီးနဲ့ ခံစစ်ပိုင်းအတွက် ပြင်သစ် နောက်ခံကစားသမားလေး လန်နီ ယိုရိုတို့ကို ခေါ်ယူလိုက်နိုင်ပေမယ့် ကွင်းလယ်ပိုင်းကို ထပ်မံ အားဖြည့်သွားဖို့ကတော့ လိုအပ်နေသေးပြီး ဒီအတွက်လည်း အူဂါတေးကို ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။

myan789

အူဂါတေးကိုယ်တိုင်ကလည်း ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပေမယ့်လည်း အသင်းနှစ်သင်းကြား ကစားသမားရဲ့ ပြောင်းရွှေ့မှုနဲ့ ပတ်သက်ပြီး သဘောတူညီမှုက မရသေးလို့ ယူနိုက်တက်က တခြားပစ်မှတ်တွေကို အာရုံစိုက်လာခဲ့ရင်း ယူနိုက်တက် ပစ်မှတ်ထဲမှာ ဘန်လေ ကွင်းလယ်လူ ဆန်ဒါဘာ့ချ်ပါ ပါဝင်လာပါတယ်။

ဆန်ဒါဘာ့ချ်နဲ့ ပတ်သက်ပြီး ယူနိုက်တက် ကစားသမားဟောင်း ပေါလ်ပါ့ကားက “ဒီကစားသမားက အခုဆို (၂)ကြိမ်တောင် တန်းဆင်းထားခဲ့တာမလား။ (၂)ကြိမ်ဆက်တိုက်တောင် တန်းဆင်းထားဖူးတာဆိုတော့ သူက ကံကောင်းမှုတွေ ယူဆောင်လာနိုင်တဲ့ ကစားသမားမျိုး ဖြစ်မနေတာ သေချာနေပါတယ်။”

Manchester United is call up Sander Berge

“ယူနိုက်တက်အနေနဲ့ ဒီတစ်ကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ချင်မှာ မဟုတ်ပါဘူး။ ဒါက မီဒီယာတွေရဲ့ တွန်အားပေးတစ်ခုပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အနေနဲ့ အနည်းဆုံး နောက်ထပ် ကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ သူတို့က ကက်စီမဲရိုး ရောင်းချပြီး အဲ့ဒီကနေ ပိုက်ဆံရဖို့ ရှိနေပေမယ့် အခု သူက ဆော်ဒီဆီကိုလည်း ပြောင်းပုံမရတော့ ခက်ခဲနေရပါတယ်။” လို့ မှတ်ချက်ပြုလိုက်ပါတယ်။

ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းအတွက် ဆန်ဒါဘာ့ချ်အပြင် မိုနာကို ကွင်းလယ်လူ ဖိုဖားနား ၊ ဆိုစီဒက် ကွင်းလယ်ကစားသမား ဇူဘီမန်ဒီ ၊ ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘတ် ၊ ဂျုဗင်တပ်စ် ကစားသမားဟောင်း ရာဘီအော့တို့အပြင် ပစ်မှတ်ဟောင်း ဒီဂျောင်ကိုပါ ချိန်ရွယ်လျက် ရှိနေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular