spot_img

ဆန်ချိုအတွက် ဂျူဗင်တပ်စ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ဆန်ချိုကို ရောင်းချဖို့အတွက် ဂျူဗင်တပ်စ်အသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိပါတယ်။

ဆန်ချိုကို ဂျူဗင်တပ်စ်ရဲ့ စိတ်ဝင်စားမှုကြောင့် ယနေ့နှောင်းပိုင်းတွင် တူရင်မြို့သို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ထွက်ခွာရန် စီစဉ်ထားပါတယ်။ ယူနိုက်တက်မှာ ညာခြမ်း နဲ့ ဘယ်ဘက်ခြမ်းရဲ့ပွဲထွက်ခွင့်တွင် ဆန်ချိုထက် ဦးစားပေး တောင်ပံ ကစားသမား နှစ်ဦး ရှိနေတာကြောင့် ရောင်းချဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမားကို ရောင်းချခြင်းစည လာမယ့်နှစ်အတွက် ယူနိုက်တက်ရဲ့ အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ တွက်ချက်မှုများကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

myan789

ဆန်ချိုဟာ ယခုရာသီတွင် ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲစလုံးမှ ချန်လှပ်ခြင်းခံထားရပါတယ်။ သူဟာ စနေနေ့က ဘရိုက်တန်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲအထိ အသင်းနဲ့အတူ ခရီးထွက်ခဲ့ပါတယ်။ ဒေါ့မွန်ကစားသမားဟောင်းစည ယမန်နှစ်က ယူနိုက်တက်အတွက် တစ်ပွဲသာကစားခဲ့ပြီး ယခုလအစောပိုင်းက ကွန်မြူနတီဒိုင်းပွဲစဉ်ဖြစ်တဲ့ မန်စီးတီးပွဲမှာ လူစားတင်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

အာဆင်နယ်ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲတွင် လူစာရင်းမှ ချန်လှပ်ခဲ့ခြင်းအတွက် ဆန်ချိုဟာ နည်းပြ တန်ဟက်ကို လူသိရှင်ကြားစွပ်စွဲခဲ့ပြီးနောက် ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက အသင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ ဒေါ့မွန်ဟာ ဆန်ချိုကို ဇန်နဝါရီမှာ ပေါင် ၆.၄ သန်းပေးကာ အငှားဖြင့် ယူနိုက်တက်ထံကနေ ပြန်လည်ခေါ်ယူခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

Manchester United will hold official talks with Juventus to sell Sancho.

ယူနိုက်တက်ဟာ ဆန်ချိုကို ဒေါ့မွန်အသင်းမှ ပေါင် ၇၂.၉ သန်းဖြင့် ၂၀၂၁ ခုနှစ်တွင် ခေါ်ယူခဲ့ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာကြောင့် ငါးနှစ်တာကာလအတွက် ကစားသမားအတွက် ကုန်ကျစရိတ်က ပေါင် ၂၉.၁၆ သန်း ဖြစ်ပါတယ်။

ဆန်ချိုနှင့် မက်တိုမီနေးတို့ဟာ ယခုသီတင်းပတ်အတွင်း အီတလီသို့ ရောင်းချခံရတဲ့သူတွေ ဖြစ်လာနိုင်ပြီး စကော့တလန်သားအတွက် နာပိုလီနှင့် သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီလည်းဖြပါတယ်။ ယူနိုက်တက် နဲ့ နာပိုလီ တို့ဟာ ဒီနွေရာသီ အစောပိုင်း မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး အီတလီကလပ်ဟာ မေဆန်ဂရင်းဝုဒ်ကို စိတ်ဝင်စားခဲ့တာလည်း ဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular