spot_img

ဆန်ချိုကို ထိန်းသိမ်းထားလိုသော်လည်း ထူးခြားသည့်ကမ်းလှမ်းမှုများရှိလာပါက စဉ်းစားသွားမည်ဟု ဒေါ့မွန်အမှုဆောင်ချုပ် ဝေါ့ဇ်ကီ ပြောကြား

ဒေါ့မွန်အသင်း၏ အမှုဆောင်ချုပ် ဝေါ့ဇ်ကီက အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို အသင်းတွင် ဆက်လက်ထိန်းသိမ်းထားလိုသော်လည်း ထူးခြားသည့်ကမ်းလှမ်းမှုများရှိလာပါက လက်ခံစဉ်းစားသွားမည်ဟု ပြောကြားခဲ့သည်။

ဒေါ့မွန်အသင်းသည် လူငယ်ကစားသမားကောင်းများကို ပို်င်ဆိုင်ထားခြင်းကြောင့် ပြိုင်ဘက်အသင်းများ၏ စောင့်ကြည့်ခံနေရပြီး တိုက်စစ်မှူး ဟော်လန်းနှင့် တောင်ပံကစားသမား ဆန်ချိုတို့မှာ ပြိုင်ဘက်များ အဓိကပစ်မှတ်ထားနေသည့် ကစားသမားများလည်းဖြစ်သည်။

myan789

လက်ရှိအချိန်၌ ဟော်လန်း၏ အပြောင်းအရွှေ့သတင်းများက ပိုမိုလှုပ်ခတ်နေပြီး လာမည့်နွေရာသီတွင် အပြောင်းအရွှေ့ဖြစ်မြောက်ရန် သေချာနေပြီဟု ထင်ကြေးပေးနေကြသော်လည်း ဝေါ့ဇ်ကီက ဟော်လန်းကို ဆက်ထိန်းထားနိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရသည်။

သို့သော် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘဏ္ဍာရေးပြဿနာရှိနေသည့်အတွက် ကြယ်ပွင့်ကစားသမားနှစ်ဦးစလုံးကို ထိန်းသိမ်းထားနိုင်ရန် မလွယ်ကူသည့်အခြေအနေဖြစ်နေရာ ဆန်ချိုကို ရောင်းထုတ်ရန် စဉ်းစားလာခြင်းဖြစ်နိုင်ကြောင်းလည်း ဗြိတိန်မီဒီယာအချို့က သုံးသပ်ဖော်ပြခဲ့ကြသည်။

ဟော်လန်းနှင့် ဆန်ချိုတို့နှစ်ဦးစလုံး လာမည့်ရာသီ ဒေါ့မွန်အသင်း၏ လူစာရင်းတွင် မြင်တွေ့ရနိုင်သလားဆိုသည့် မေးမြန်းမှုကို ပြန်လည်တုံ့ပြန်ရာတွင် ဝေါ့ဇ်ကီက “ဆန်ချိုက ဟော်လန်းထက်တောင် အရင်စောပြီး ကျွန်တော်တို့နဲ့ လက်တွဲလာတဲ့သူပါ။ ဒါပေမဲ့ သူ့အတွက် ထူးခြားတဲ့ ကမ်းလှမ်းမှုရှိလာခဲ့ရင် လက်ခံစဉ်းစားပြီး ကစားသမား၊ သူ့အေးဂျင့်တို့နဲ့ ဆွေးနွေးသွားမှာပါ။ လက်ရှိအခြေအနေအရ နွေရာသီစျေးကွက်မှာ ကလပ်အသင်းတွေက အကန့်အသတ်နဲ့ လှုပ်ရှားသွားကြမှာတော့ သေချာနေပါတယ်။ ဒါပေမဲ့ တကယ့်ထိပ်သီးအသင်းတွေက ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုဒဏ်ကို (၂) ပတ်အတွင်း ပြန်လည်ကုစားနိုင်စွမ်းရှိပါတယ်”ဟု ပြောကြားခဲ့သည်။

ဒေါ့မွန်အသင်းသည် ပြီးခဲ့သည့်နွေရာသီက ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၁၁၀)ဟု သတ်မှတ်ခဲ့ပြီး မန်ယူအသင်းက ခေါ်ယူနိုင်ရန် နီးစပ်ခဲ့ကြောင်းလည်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular