မန်ချက်စတာယူနိုက်တက်အသင်းသည် ဒေါ့မွန်အသင်းမှ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။
မန်ချက်စတာယူနိုက်တက်အသင်းသည် ဆန်ချို(၂၁ နှစ်)ကို ပြီးခဲ့သည့်နှစ်ကတည်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး ပြောင်းရွှေ့ကြေးမြင့်မားမှုကြောင့် လက်လျှော့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ ဒေါ့မွန်အသင်းက ဆန်ချိုအတွက် စျေးနှုန်းသတ်မှတ်ထားမှုကို လျှော့ချပေးခဲ့သည့်အတွက် အပြောင်းအရွှေ့ဖြစ်မြောက်ရန် နီးစပ် လာခဲ့ခြင်းဖြစ်ပြီး ပေါင်သန်း(၈၀)ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ထို့ပြင် မန်ချက်စတာယူနိုက်တက်အသင်းသည် ဆန်ချိုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီဖြစ်ပြီး ပြောင်းရွှေ့ကြေးအတွက် ဒေါ့မွန်အသင်းနှင့် ဆွေးနွေးရန်သာ ကျန်ရှိတော့ကြောင်းလည်း သိရသည်။