အာဆင်နယ်တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်စ်က စွမ်းဆောင်ရည်ကောင်းတွေရဲ့နောက်ကွယ်က လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ၁ ပတ်ထဲမှာ ပဲလေ့စ်အသင်းနဲ့ ၂ ကြိမ်ကန်ခဲ့ရတာဖြစ်ပြီး ကာရာဘောင်ကွာတားဖိုင်နယ် နဲ့ ပရီးမီးယားလိဂ်မှာ ဆက်တိုက်ကန်ခဲ့ရတာဖြစ်ပါတယ်။
အဆိုပါ ၂ ပွဲမှာ တိုက်စစ်မှူး ဂျီးဆပ်စ်က ၅ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ကာရာဘောင်မှာ ဟက်ထရစ် နဲ့ ပရီးမီးယားလိဂ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ၂ ကျော့စလုံးကို အာဆင်နယ်က အနိုင်ရရှိခဲ့ပြီး နောက်ဆုံးကန်ခဲ့တဲ့ပွဲမှာ ၁-၅ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဂျီးဆပ်စ်က အခုလာမယ့်အပြောင်းအရွှေ့မှာ အသင်းပြောင်းနိုင်တယ်လို့ သတင်းတွေထွက်နေပေမယ့် အာတီတာကတော့ အသင်းမှာဆက်ထိန်းထားချင်နေပါတယ်။
ကာလရှည်ရုန်းကန်ခဲ့ရပြီးနောက် ဂျီးဆပ်စ်က စွမ်းဆောင်ရည်ကောင်းတွေရဲ့နောက်ကွယ်က အကြောင်းအရာကို ထုတ်ဖာ်ပြောကြားလာခဲ့ပါတယ်။ “အသင်းဆီကိုပြန်လာနိုင်တာက တကယ်ကောင်းတဲ့အရာပါ။ ကစားခွင့်ပိုရလာပါတယ်။ အာဆင်နယ်က ကြီးမားတဲ့အသင်းတစ်သင်းဖြစ်တာကြောင့် တိုက်စစ်နေရာက ဖိအားတွေများတယ်ဆိုတာ ကျွန်တော်သိပါတယ်။
ကျွန်တော် ကစားရချိန်မှာ မျက်နှာမှာ အပြုံးတွေမြင်ရပါတယ်။ အရာအားလုံးက မတူညီသလိုဖြစ်သွားပါတယ်”လို့ ဂျီးဆပ်စ်က ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ အခုနိုင်ပွဲကြောင့် လီဗာပူး နဲ့ ချဲလ်ဆီးတို့ ပွဲကျပ်နေချိန်မှာ ဖိအားပေးနိုင်ခဲ့တာဖြစ်ပြီး လာမယ့် ဘောက်ဆင်ဒေးမှာ အာဆင်နယ်ဟာ အစ်ဝှစ်တောင်းအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။