မနေ့ညက လီဂူးဝမ်းပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းက မာဆေးအသင်းကို အဝေးကွင်းမှာ ၀-၃ နဲ့အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ မက်ဆီက တစ်ဂိုးနဲ့ ဘာပေက နှစ်ဂိုးသွင်းယူပြီး သမိုင်းမှတ်တမ်းသစ်ကို နှစ်ဦးလုံးရေးထိုးလိုက်နိုင်ပါတယ်။
ဒီဂိုးသွင်းအပြီးမှာ မက်ဆီက သူ့ရဲ့ကစားသမားဘဝသက်တမ်းတစ်လျှောက် ကလပ်အသင်းသွင်းဂိုး ဂိုး ၇၀၀ ပြည့်သွားခဲ့ပါတယ်။ ဘာစီလိုနာအတွက် ၆၇၂ ဂိုးနဲ့ ပီအက်စ်ဂျီအတွက် ၂၈ ဂိုးသွင်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘာပေက မနေ့ညက နှစ်ဂိုးသွင်းအပြီးမှာတော့ ပီအက်စ်ဂျီအသင်းအတွက် စုစုပေါင်း ဂိုး ၂၀၀ သွင်းပြီး ကာဗာနီနဲ့ ဂဏန်းတူ အသင်းရဲ့ ဂိုးအများဆုံးသွင်းသူအဖြစ် ပူးတွဲရပ်တည်နိုင်သွားပြီဖြစ်ပါတယ်။ ဒါတောင်မှ သူ့အသက်က ၂၄ နှစ်ပဲ ရှိပါသေးတယ်။

မက်ဆီက မနေ့ညကပွဲမှာ ဘာပေအတွက် သွင်းဂိုးနှစ်ဂိုးကိုလည်း ဖန်တီးပေးခဲ့သူလည်း ဖြစ်ပါတယ်။ မက်ဆီက တနင်္လာနေ့ ပဲရစ်မှာ ချီးမြှင့်မယ့် ဖီဖာရဲ့အကောင်းဆုံးဘောလုံးသမားဆုကို ရရှိဖို့လည်း အနီးစပ်ဆုံးဖြစ်နေပါတယ်.
ဘာပေက ဒီနှစ်ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၂၉ ပွဲကစားပြီး ၂၉ ဂိုးသွင်းထားနိုင်တဲ့ စံချိန်တစ်ခုကိုလည်း ရရှိနေပါတယ်။
