အတ္တလန်တာ – ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် ဇူလိုင်လ ၂၂ ရက် နံနက် ဝဝးဝ၀ နာရီ)
ဗီရိုနာနဲ့ပွဲမှာ အတ္တလန်တာတိုက်စစ် ရပ်တန့်သွားတာ သံသယဝင်ချင်စရာကောင်းပါတယ်။ ဒီပွဲမှာ ပြန်ပြီးပေါက်ကွဲပြမလားဆိုတာကလည်း တွေးစရာကောင်းနေတယ်။ ဒါပေမဲ့ အေစီမီလန်နဲ့ပွဲတုန်းကလို ခံစစ်စွမ်းဆောင်ရည်မျိုးနဲ့ဆိုရင် ဘိုလော့ဂ်နာ မလွယ်ပါဘူး။ အင်တာမီလန်၊ နာပိုလီတို့နဲ့ပွဲတုန်းကလို တိုက်ပွဲဝင်စိတ်ဓာတ်ပိုင်ဆိုင်ခဲ့ရင်တော့ အတ္တလန်တာအတွက် ဘိုလော့ဂ်နာက အဆိပ်ဖြစ်လာလိမ့်မယ်။
ဆာဆူအိုလို – အေစီမီလန် (မြန်မာစံတော်ချိန် ဇူလိုင်လ ၂၂ ရက် နံနက် ၂း၁၅ နာရီ)
Restart ကာလမှာ အေစီမီလန် ရှုံးပွဲမရှိသေးဘူး။ (၈)ပွဲကစားထားပြီး (၆)ပွဲနိုင်၊ (၂)ပွဲသရေကျထားတယ်။ တိုက်စစ်ဂိုး သွင်းနှုန်းလည်း မြင့်တက်နေတယ်။ နည်းပြ ပီအိုလီရဲ့အေစီမီလန်က ယုံကြည်စိတ်မြင့်မားနေပြီး တိုက်ပွဲဝင်စိတ်ဓာတ်လည်း ပြင်းထန်နေတယ်။ တိုက်စစ်ကစားပုံ အကောင်းစားမဟုတ်ပေမယ့် အီဘရာဟီမိုဗစ်၊ ချာဟာနိုဂလူး၊ ရယ်ဘစ်တို့အပြင် လူငယ် တိုက်စစ်ကစားသမားတွေနဲ့ အလုပ်ဖြစ်နေတယ်။ ဆာဆူအိုလိုက နိုင်ပွဲဆက်အရှိန် ရပ်တန့်သွားပါပြီ။ အသင်းလိုက်ကစားပုံက အေစီမီလန်လောက်မကောင်းပေမယ့် တိုက်စစ်မှာ ကစားသမားကောင်းတွေရှိနေလို့ ဂိုးတွေဆက်တိုက်ပေးနေရတဲ့ အေစီမီလန်ခံစစ် ဂိုးပေးရဦးမယ်ထင်တယ်။ ယူရိုပါလိဂ်ဝင်ခွင့်ကို သချင်္ာနည်းအရ ဆာဆူအိုလိုလည်း မျှော်လင့်ခွင့်ရှိသေးပေမယ့် အေစီမီလန်က ပိုပြီးနီးစပ်နေပါတယ်။ ဆာဆူအိုလို မာဂုဏ်မြင့်ပေမယ့် အမှတ်လိုအပ်ချက်ပိုများတဲ့ အေစီမီလန် နိုင်မယ်။