spot_img

စီးရီးအေ ပွဲစဉ်-၃၃ ပွဲကြိုသုံးသပ်ချက်

တိုရီနို – နာပိုလီ (မြန်မာစံတော်ချိန် ဧပြီလ ၂၆ ရက် ည ၁၁းဝ၀ နာရီ)
တိုရီနိုရဲ့ရုန်းအားက ပိုပြီးအားပါပြင်းထန်လာတယ်။ တိုက်စစ်ကစားပုံကလည်း ပိုပြီးထက်မြက်လာတယ်။ ရိုးမားကို ဂိုးပြတ်အနိုင်ရတဲ့ပွဲတုန်းကဆိုရင် ဂိုးပေါက်ကန်သွင်းမှု (၂၇)ကြိမ်ရှိတဲ့အထိ တိုရီနို စွမ်းဆောင်နိုင်ခဲ့တယ်။ နာပိုလီကလည်း တိုက်စစ်ဖွင့်ကစားတတ်တဲ့အသင်းဖြစ်လို့ ဒီပွဲက အပြန်အလှန်ထိုးဖောက်မှုတွေ၊ အပြန်အလှန်သွင်းဂိုးတွေ မြင်ရပါလိမ့်မယ်။ နာပိုလီ အလွန်ဆုံးကပ်နိုင်ရုံပါပဲ။

လာဇီယို – အေစီမီလန် (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် နံနက် ၁း၁၅ နာရီ)
သချာင်္နည်းအရဆိုရင် လာဇီယိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှိနေတုန်းပဲ။ ချန်ပီယံလိဂ်ဝင်ခွင့်က လာဇီယိုလိုအသင်းမျိုးရဲ့ ဘဏ္ဍာရေးအခြေအနေကို ပိုပြီးဦးမော့စေလိမ့်မယ်။ ဘာပြိုင်ပွဲမရှိတော့ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ဟာ လာဇီယိုအတွက် အရေးပေါ်တိုက်ပွဲပါပဲ။ အေစီမီလန်အဖို့ ချန်ပီယံလိဂ်ဝင်ခွင့်သေချာရေးက အမှားမခံတော့ဘူး။ ဒီတော့ အခုလိုပွဲမျိုးမှာ အေစီမီလန် အမှားခံမယ်မထင်ဘူး။ ဒါပေမဲ့ လာဇီယိုက အိမ်ကွင်းနိုင်ပွဲဆက်မှတ်တမ်းနဲ့အတူ ယုံကြည်မှုမြင့်တက်နေပြီး အေစီမီလန်ကတော့ သိပ်ပြီးစိတ်ချလို့မရသေးပုံပဲ။ အီမိုဘီလီက အခွင့်အရေးတွေပေးရတတ်တဲ့ အေစီမီလန်ခံစစ်ကို ဒုက္ခပေးဦးမှာဖြစ်ပြီး ချာဟာနိုဂလူး၊ ရယ်ဘစ်တို့ကြောင့်လည်း ကစားပုံလေးတဲ့ လာဇီယိုခံစစ် အခက်တွေ့နိုင်တယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျသွားနိုင်ပါတယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular