အတ္တလန်တာ – ဗင်နီဇီယာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁ ရက် နံနက် ဝဝးဝ၀ နာရီ)
အတ္တလန်တာက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီ။ ဂျူဗင်တပ်စ်ကို အဝေးကွင်းမှာ အနိုင်ရတဲ့အထိ အတ္တလန်တာ ထက်မြက်လာပြီး တိုက်စစ်ကလည်း အရင်လို သွင်းဂိုးမှတ်တမ်းကောင်းတွေ ပိုင်ဆိုင်လာတယ်။ ဗင်နီဇီယာက တန်းဆင်းဧရိယာကနေ လွတ်မြောက်လာသလို၊ ရိုးမားကိုလည်း အနိုင်ရထားပေမဲ့ သိပ်ပြီးယုံကြည်လို့မရဘူး။ အတ္တလန်တာ အနိုင်သေချာပြီး အနည်းဆုံး (၂)ဂိုးသွင်းပါလိမ့်မယ်။
ဆလာနီတာနာ – ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁ ရက် နံနက် ၂း၁၅ နာရီ)
ဆလာနီတာနာက အသင်းလိုက်ကစားပုံ လိုအပ်ချက်များသလို၊ ခံစစ်ကလည်း တစ်ဦးချင်းထူးချွန်တဲ့ကစားသမားတွေကို ထိိန်းချုပ်ရာမှာ အားနည်းပါတယ်။ ဂျူဗင်တပ်စ်က (၂) ပွဲဆက်နိုင်ပြီးမှ အတ္တလန်တာကို အိမ်ကွင်းမှာ အရှုံးပေးရလို့ ပြန်လည်ပေါက်ကွဲချင်နေပါလိမ့်မယ်။ ဒါပေမဲ့ တိုက်စစ်မှာ လူမစုံသေးရင် အခက်အခဲဖြစ်လာနိုင်ပြီး ဂျူဗင်တပ်စ် အနိုင်ရနိုင်ပေမဲ့ ဂိုးပြတ်၊ မပြတ် စဉ်းစားရမယ်။
ဗီရိုနာ – ကာဂလီယာရီ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁ ရက် နံနက် ၂း၁၅ နာရီ)
ဆမ်ဒိုးရီးယားကို ဂိုးပြတ်ရှုံးပြီး ဗီရိုနာ အရှိန်တန့်သွားပါတယ်။ ဒါပေမဲ့ ဒီရလဒ်က အဝေးကွင်းမှာ ဗီရိုနာရင်ဆိုင်နေရတဲ့ အခြေအနေမျိုးဖြစ်ပြီး အခုအိမ်ကွင်းပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရှာဖွေပါလိမ့်မယ်။ ကာဂလီယာရီကလည်း လူကောင်းတွေရှိပေမဲ့ ရလဒ်ဆိုးနေလို့ ဗီရိုနာ နိုင်ပွဲပြန်ရပါမယ်။