spot_img

စီးရီးအေပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်

စပီဇီယာ – ဆာလာနီတာနာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် ည ၇:၃၀ နာရီ)
အစဉ်အလာအရ ဒီနှစ်သင်းတွေ့ရင် သူ့ကွင်းကိုယ့်ကွင်း အနိုင်ယူနေကျပါ။ လက်ရှိအချိန်မှာ နှစ်သင်းစလုံး တန်းဆင်းဇုန် ထဲရောက်နေပြီး ဒီလိုပွဲမျိုးက ရမှတ်က နှစ်သင်းစလုံးအတွက် အဖိုးတန်ပါတယ်။ စပီဇီယာ အမှတ်ပြည့်ရမယ်ထင်တယ်။

လာဇီယို – အင်တာမီလန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် ည ၁၀:၃၀ နာရီ)
ကစားသမားစုဖွဲ့မှု အားနည်းခြင်းပြဿနာကို လာဇီယို ရင်ဆိုင်နေရပြီထင်တယ်။ ယူရိုပါလိဂ်နဲ့ စီးရီးအေပြိုင်ပွဲ (၂)ခုကြား ဟန်ချက်ညီအောင် လျှောက်လှမ်းရတာ လာဇီယိုအတွက် ခက်ခဲနေသလိုပဲ။ နောက်ဆုံးကစားတဲ့ ဘိုလော့ဂ်နာနဲ့ပွဲမှာ ဂိုးပြတ်ရှုံးခဲ့တာက သက်သေပါပဲ။ ဆာရီက သူ့အသင်းကို တိုက်စစ်ဦးစားပေးဗျူဟာနဲ့ တည်ဆောက်နေပြီး လက်ရှိရာသီ စီးရီးအေရဲ့တိုက်စစ်အကောင်းဆုံး (၅)သင်းထဲပါဝင်နေတာ ကျေနပ်စရာပါ။ ဒါပေမဲ့ ခံစစ်က တစ်ဦးချင်းအမှားများပြီး ဂိုးတွေပေးနေရတယ်။ ပွဲပယ်ပြစ်ဒဏ်ကြောင့် အာချာဘီ မပါနိုင်လို့လည်း လာဇီယိုခံစစ် ပိုအားနည်းသွားနိုင်တယ်။ အင်တာက တစ်ပွဲပျမ်းမျှ (၃ .၁၄) ဂိုးနဲ့ လက်ရှိရာသီ စီးရီးအေရဲ့ တိုက်စစ်အကောင်းဆုံးအဖြစ် ရပ်တည်နေတယ်။ ဒီတော့ လာဇီယိုဘက်ကို အင်တာမီလန် ဂိုးသွင်းနိုင်ဖို့ သေချာသလောက်ပါပဲ။ ဒါပေမဲ့ ဆာရီရဲ့ လာဇီယို အမှတ်ရလောက်မယ်ထင်တယ်။

myan789

အေစီမီလန် – ဗီရိုနာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၇ ရက် နံနက် ၁:၁၅ နာရီ)
စပီဇီယာနဲ့ နောက်ဆုံးစီးရီးအေပွဲမှာ ဗီရိုနာ ပေါက်ကွဲပြထားတယ်။ တိုက်စစ်က (၄)ဂိုးအထိ သွင်းယူနိုင်ခဲ့တယ်။ သွင်းဂိုးတွေက နည်းပြအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ဗီရိုနာရဲ့ အားသာချက်ဖြစ်လာတယ်။ အေစီမီလန်က ချန်ပီယံဆုမျှော်လင့်နိုင်တဲ့ အနေအထားမျိုးပါ။ ပွဲကျပ်ကာလမှာလည်း ရလဒ်ကောင်းတွေ ယူနိုင်ခဲ့တာ တွေ့ရတယ်။ အိမ်ကွင်းမှာလည်း ရာနှုန်းပြည့်နိုင်ပွဲယူထားပေမဲ့ ဒီပွဲမှာ ဂိုးပြတ်နိုင်ဖို့ခက်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular