spot_img

စီးရီးအေပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်

ဆလာနီတာနာ – ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် ည ၈:၃၅ နာရီ)
အမှတ်ပေးဇယားအောက်ဆုံးက ဆလာနီတာနာက ဒုတိယအကျော့စကတည်းက ကစားပုံတိုးတက်လာတယ်။ ဘိုလော့ဂ်နာကတော့ အထက်မရောက်၊ အောက်မရောက်အသင်းပါ။ အိမ်ရှင်အရိပ်မှာ ခိုလှုံသင့်ပါတယ်။

အမ်ပိုလီ – ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် ည ၁၁:၃၅ နာရီ)
အမ်ပိုလီက တန်းတက်တွေထဲမှာ အကောင်းဆုံးအသင်းဖြစ်ပေမဲ့ တဖြည်းဖြည်း ပုံစံပျက်လာပြီး စီးရီးအေနောက်ဆုံး (၉)ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ ဂျူဗင်တပ်စ်ကတော့ ပြီးခဲ့တဲ့ တူရင်ဒါဘီမှာ သရေကျခဲ့ပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရမှတ်တွေ စုဆောင်းရဦးမှာပါ။ ပထမအကျော့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပေမဲ့ ဒီပွဲတော့ ဂျူဗင်တပ်စ်အသင်း အနို်င်ကစားသွားပါလိမ့်မယ်။

myan789

ဆာဆူအိုလို – ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၂:၂၀ နာရီ)
ဖီအိုုရင်တီးနားက ဗလာဟိုဗစ်မရှိတော့ပေမဲ့ နိုင်ပွဲရယူနိုင်တုန်းပဲ။ တိုက်စစ်မှာ ပီယွန်တက်ခ် ဂိုးတွေတောက်လျှောက်သွင်းနေပြီး အားနည်းသွားတာမျိုးလည်း မတွေ့ရသေးဘူး။ ဆာဆူအိုလိုက အသင်းကောင်းဖြစ်ပေမဲ့ ခံစစ်ကတော့ စိတ်ချလို့မရဘူး။ ဂိုးများနိုင်ပြီး ဖီအိုရင်တီးနားကို ပိုကြိုက်မိတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular