spot_img

စီးရီးအေပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်

ဆမ်ဒိုးရီးယား နှင့် နာပိုလီ (ကြာသပတေးည ၁၁းဝ၀ နာရီ)
နာပိုလီက ရာသီအစမှာ အောင်ပွဲတွေရနေပေမဲ့ ကစားပုံ လိုအပ်ချက်တွေ ရှိနေသေးတာ တွေ့ရတယ်။ ဒါကလည်း ဥရောပနဲ့ ပြည်တွင်းပြိုင်ပွဲနှစ်ရပ် ဟန်ချက်ညီအောင် လျှောက်လှမ်းနေရတာကြောင့်လို့လည်း ပြောရမယ်။ ဆမ်ဒိုးရီးယားက အင်တာ မီလန်ကို အိမ်ကွင်းမှာ ခြေစွမ်းပြပြီး အမှတ်ခွဲယူနိုင်ခဲ့သလို၊ ဒီပွဲမှာလည်း ရမှတ်မျှော်လင့်ချက်အတွက် ပြင်းထန်စွာတိုက်ပွဲဝင်ပါလိမ့်မယ်။ ဆမ်ဒိုးရီးယား အမှတ်ရနိုင်တယ်။

တိုရီနို နှင့် လာဇီယို (ကြာသပတေးည ၁၁းဝ၀ နာရီ)
တိုရီနိုက ဒဏ်ရာပြဿနာတွေကြားထဲကနေ အောင်ပွဲတွေ ဖန်တီးပြနေတယ်။ (၂)ပွဲဆက်ဂိုးမပေးခဲ့ရတာလည်း အပြုသဘောဆောင်တဲ့လက္ခဏာပါပဲ။ လာဇီယိုက ဟန်ချက်နည်းနည်းပျက်သွားပုံရပေမဲ့ ဆာရီရဲ့ နည်းဗျူဟာတွေကြောင့် အထင်သေးလို့မရပါဘူး။ တန်ပြန်တိုက်စစ်ကစားပုံလည်း ကောင်းမွန်လို့ ဒါဟာ တိုရီနိုအတွက် အခက်အခဲဖြစ်လာနိုင်ပါတယ်။ တိုရီနို တစ်မှတ်ထက် ပိုမျှော်လင့်လို့ မရဘူး။

myan789

ရိုးမား နှင့် အူဒီးနီးစ် (သောကြာနံနက် ၁း၁၅ နာရီ)
မော်ရင်ဟိုက ရိုးမားကို တိုက်စစ်ဦးစားပေးကစားဟန်နဲ့ ပုံဖော်နေတယ်။ ယူရိုပါကွန်းဖရန့်လိဂ်မှာ အေဘရာဟမ်ကို အရန်ကစားသမားအဖြစ်သာ အသုံးပြုပြီး အယ်လ်ရှာရာဝီ၊ ရှိုမူရိုဒေါ့ဗ်တို့နဲ့ ပွဲထုတ်ခဲ့ပေမဲ့ ပယ်လီဂရီနီ ခြေစွမ်းပြခဲ့လို့ ဂိုးပြတ်နိုင်ပွဲ ပိုင်ဆိုင်ခဲ့တယ်။ အူဒီးနီးစ်က မာဂုဏ်မြင့်ပြီး ခြေစွမ်းအတက်ဘက်ရောက်နေပေမဲ့ ရိုမားပဲ အနိုင်ရပါလိမ့်မယ်။ (၂)ဂိုးပြတ်၊ မပြတ်ပဲ စဉ်းစားရမယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular