spot_img

စီးရီးအေပြိုင်ပွဲ ပြန်လည်ဦးမော့လာရန်အတွက် တန်ဖိုးမြင့်ရုပ်သံစာချုပ်နှင့် ကွင်းအသစ်များ လိုအပ်ဟု ဂယ်လီယာနီ ဆို

စီးရီးအေတန်းတက်မွန်ဇာအသင်း၏ အမှုဆောင်အရာရှိချုပ် ဂယ်လီယာနီက စီးရီးအေပြိုင်ပွဲ ပြန်လည်ဦးမော့လာရန်အတွက် တန်ဖိုးမြင့်ရုပ်သံစာချုပ်နှင့် ကွင်းအသစ်များ လိုအပ်ကြောင်း သုံးသပ်ခဲ့သည်။

ဂယ်လီယာနီသည် လက်ရှိမွန်ဇာအသင်းပိုင်ရှင် အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ၏ ကာလရှည်လူယုံတော်တစ်ဦးဖြစ်ပြီး ယခုအခါ မွန်ဇာအသင်းနှင့်အတူ ၎င်းတို့နှစ်ဦး၏ ပုံရိပ်ကို စီးရီးအေတွင် ပြန်လည်မြင်တွေ့ရမည် ဖြစ်သည်။

myan789

စီးရီးအေရာသီသစ်မတိုင်မီ Calcio Finanzaက ဂယ်လီယာနီနှင့် အင်တာဗျူးအစီအစဉ်တစ်ခုပြုလုပ်ခဲ့ပြီး အဆိုပါအင်တာဗျူးအစီအစဉ်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂယ်လီယာနီက ”စီးရီးအေပြိုင်ပွဲဟာ ဘဏ္ဍာရေးအခက်အခဲကြောင့် ပြိုလဲခဲ့ရပါတယ်။ အခုအချိန်မှာ စီးရီးအေပြိုင်ပွဲအနာဂတ်ဟာ အပြောင်းအလဲလမ်းစပေါ် ရောက်ရှိနေပါပြီ။ လက်ရှိအချိန်မှာ စီးရီးအေအသင်းတစ်သင်းအနေနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ဆိုတာ မလွယ်ကူပါဘူး။ ကျွန်တော်တို့မှာ အခက်အခဲနှစ်ခုရှိပြီး ပထမတစ်ခုက ရုပ်သံစာချုပ်ပါ။ စီးရီးအေ ပြည်ပရုပ်သံထုတ်လွှင့်မှု မူပိုင်ခွင့်အတွက် အခုထက်ပိုပြီး တန်ဖိုးမြင့်မားတဲ့စာချုပ်တွေ လိုအပ်နေပါတယ်။ ဒုတိယတစ်ခုက ကွင်းသစ်တွေပါပဲ။ စီးရီးအေမှာ ကွင်းသစ်တွေ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

မွန်ဇာအသင်းသည် နှစ်ပေါင်း (၁၁၀)အတွင်းပထမဆုံးအကြိမ်အဖြစ် စီးရီးအေသို့တန်းတက်လာခဲ့ခြင်းဖြစ်ပြီး ရာသီသစ်ရည်မှန်းချက်အပေါ် ဂယ်လီယာနီက ယခု ကဲ့သို့ပြောကြားခဲ့သည်။

”ကျွန်တော်တို့အသင်းရဲ့ ရည်မှန်းချက်လား။ တန်းမဆင်းရဖို့ဖြစ်ပါလိမ့်မယ်။ စီးရီးအေက ခက်ခဲတဲ့ပြိုင်ပွဲတစ်ခုပါ။ ပြိုင်ပွဲစတင်ကတည်းက တန်းမဆင်းရဖို့ သေချာနေတဲ့အသင်း (၁၀)သင်းလောက် ရှိနေပါတယ်။ ကျွန်တော်တို့အတွက် တကယ်မလွယ်ကူတဲ့ ရည်မှန်းချက်ပါ။ ဒါပေမဲ့ နှစ်ပေါင်းများစွာ စောင့်မျှော်လာပြီး ပြန်လည်ပိုင်ဆိုင်ခွင့်ရတဲ့ စီးရီးအေတန်းတက်ခွင့်အတွက် မွန်ဇာပရိသတ်တွေ ပျော်ရွှင်နေပြီး သူတို့စိတ်ကျေနပ်အောင် ရည်မှန်းထားပါတယ်”ဟု ဂယ်လီယာနီက ပြောကြားခဲ့သည်။

ဘာလူစကိုနီနှင့် ဂယ်လီယာနီတို့သည် အေစီမီလန်အသင်းတွင် လက်တွဲခဲ့စဉ်က ချန်ပီယံလိဂ်၊ စီးရီးအေနှင့် အခြားဆုဖလားများစွာ ရရှိခဲ့ပြီး အေစီမီလန်တစ်ခေတ် တည်ထောင်နိုင်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular