spot_img

စီးရီးအေဂိုးသွင်းဘုရင်ဆု ရယူရန် လူကာကူ ရည်မှန်းထားပြီး ချန်ပီယံဆုအကြောင်း မစဉ်းစားသေးဟု ဖွင့်ဟ

အင်တာမီလန်အသင်းတိုက်စစ် မှူး လူကာကူက စီးရီးအေဂိုးသွင်း ဘုရင်ဆုကို ဆွတ်ခူးနိုင်ရန် မျှော်လင့်နေသည်ဟု ဝန်ခံခဲ့သော်လည်း စီးရီးအေချန်ပီယံဆုအကြောင်း မစဉ်းစားသေးဟု ဂျီနိုအာအသင်းကို အင်တာ မီလန်အသင်း (၃-၀)ဂိုးဖြင့်အနိုင်ရရှိပြီးနောက် ပြောကြားခဲ့သည်။

ဂျီနိုအာအသင်းနှင့်ပွဲတွင် လူကာကူသည် အင်တာမီလန်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူခဲ့သလို၊ အသင်းဖော် ဒါမီယန် ဒုတိယဂိုးသွင်းယူနိုင်အောင်လည်း ဖန်တီးပေးခဲ့သည်။

myan789

လူကာကူ၏ အဖွင့်ဂိုးသည် ပွဲအစ (၃၂)စက္ကန့် တွင်သွင်းယူခဲ့ခြင်းဖြစ်ပြီး ယင်းဂိုးကြောင့် လူကာကူသည် ၂၀၀၄-၀၅ ရာသီနောက်ပိုင်း အင်တာမီလန်အသင်းအတွက် အမြန်ဆုံးစီးရီးအေဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

လူကာကူသည် လက်ရှိရာသီတွင် စီးရီးအေသွင်းဂိုး (၁၈)ဂိုးအထိ သွင်းယူထားနိုင်ပြီး စီးရီးအေဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် ထိပ်ဆုံးမှနေ၍ ဦးဆောင်နေသည့် ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော် နယ်လ်ဒို (၁၉)ဂိုးနှင့် (၁)ဂိုးသာကွာဟနေသည်။

လူကာကူက ” ကျွန်တော်က အောင်ပွဲတွေအကြောင်းပဲ စဉ်းစားနေတတ်ပါတယ်။ လက်ရှိအချိန်ဟာ ကျွန်တော့်ရဲ့ကစားသမားဘဝ ကောင်းမွန်တဲ့အချိန်ပါပဲ။ ဂိုးသွင်းဘုရင်ဆုကိုလည်း ကျွန်တော် ခေါင်းထဲထည့်ထားပြီး ကြိုးစားသွားပါမယ်” ဟု ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် ဂျီနိုအာအသင်းနှင့်ပွဲ အပါအဝင် စီးရီးအေနောက်ဆုံး (၇)ပွဲတွင် (၆)ပွဲအနိုင်ရထားပြီး (၁)ပွဲသာ သရေကျကာ စီးရီးအေအမှတ်ပေးဇယားဦးဆောင်သူနေရာတွင် ဆက်လက်ရပ်တည်နေသည်။

” ကျွန်တော်တို့အသင်း ဆက်လက်တိုးတက်နေပါတယ်။ စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ ဒါက သိပ်ပြီး ကောင်းမွန်တဲ့ခံစားချက်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်ပြီးရုန်းကန်ရပါမယ်။ မနှစ်တုန်းက ဒီလိုပွဲမျိုးမှာ ကျွန်တော်တို့အသင်း အမှတ်တွေလျော့ဖူးပြီး ဒီနှစ်တော့ နိုင်ပွဲရပါပြီ။ လာမယ့် ပါးမားအသင်းနဲ့ပွဲအတွက် အာရုံစိုက်သွားမှာဖြစ်ပြီး စီးရီးအေချန်ပီယံဆုအကြောင်း မတွေးသေးဘဲ တစ်ပွဲချင်း စီဖြတ်သန်းသွားပါမယ်”ဟု ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းနည်းပြ ကွန်တီကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာရသဖြင့် စိတ်ပျက်မိခဲ့ဖူးသော်လည်း စီးရီးအေချန်ပီယံဆုကို ပိုပြီးအာရုံစိုက်ခွင့်ရသဖြင့် လက်ရှိအချိန်တွင် ချန်ပီယံမျှော်လင့်ခွင့်ရှိ လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် စီးရီးအေချန်ပီယံဆုကို ၂၀၀၉-၁၀ ရာသီတွင် နောက်ဆုံးအကြိမ် ရရှိခဲ့ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular