spot_img

စီရော်နယ်လ်ဒို၏လွှမ်းမိုးမှုကို မန်ယူကစားသမားများ ဒေါသထွက်နေကြပြီး အဝတ်လဲခန်းပြိုကွဲမှုများရှိနေကြောင်း Daily Express ဖော်ပြ

မန်ယူအသင်းတွင် ပွဲထွက်စာရင်းမှ ချန်လှပ်၍မရသည့် စီရော်နယ်လ်ဒို၏ ဖြစ်တည်မှုနှင့် အသင်းအပေါ် လွှမ်းမိုးမှုများကို အသင်းခေါင်းဆောင် မက်ဂွိုင်းရားအပါအဝင် အသင်းဖော်များက ဒေါသထွက်နေပြီး အသင်း၏ အဝတ်လဲခန်းအတွင်း ပြိုကွဲမှုများရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Express က ဖော်ပြခဲ့သည်။

အသက် (၃၆)နှစ်အရွယ်ရှိ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းထံသို့ ပေါင် (၁၂.၈၅)သန်းဖြင့် ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ခြေစွမ်းပြဂိုးများ သွင်းယူပေးနိုင်ခဲ့သည်။

myan789

သို့သော် မန်ယူအသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေပြီး ရုန်းကန်နေရရာ ယင်းမှာ စီရော်နယ်လ်ဒို ရောက်ရှိလာသဖြင့် အသင်း၏ကစားဟန်ကို ပြောင်းလဲခဲ့ရခြင်းကြောင့်ဖြစ်သည်ဟု စွပ်စွဲမှုများရှိနေသည်။

နောက်ပိုင်းပွဲစဉ်များတွင် စီရော်နယ်လ်ဒိုအနေဖြင့် အကောင်းဆုံးစွမ်းဆောင်နိုင်ခြင်းမရှိသော်လည်း ပွဲထွက်ခွင့်ရနေခြင်းအပေါ် မန်ယူအသင်း၏ အဓိကကစားသမားများဖြစ်သည့် မက်ဂွိုင်းရား၊ ကာဗာန်ီနှင့် ဂရင်းဝုဒ်တို့က ဒေါသထွက်နေကြသလို၊ ကစားသမားအချို့မှာ စီရော်နယ်လ်ဒို၏လွှမ်းမိုးမှုကြောင့် ၎င်းင်းတို့၏အခန်းကဏ္ဍများ ပျောက်ဆုံးခဲ့ရသည်ဟု ပြောဆိုမှုများလည်းရှိနေကြောင်း Daily Express က ဖော်ပြခဲ့သည်။

ဝုလ်ဗ်အသင်းကို (ဝ-၁)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲအပြီးတွင် မန်ယူနောက်ခံလူ လုခ်ရှောက အသင်းကစားသမားများအကြား စုစည်းမှုမရှိကြောင်းနှင့် ကစားသမားများအနေဖြင့် အသင်းအတွက် ပေးဆပ်လိုစိတ်မရှိကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းတွင် စီရော်နယ်လ်ဒို ရောက်ရှိလာခြင်းကြောင့် အသင်းအဝတ်လဲခန်းအတွင်း ပြိုကွဲမှုများရှိနေပြီး ယခုဇန်နဝါရီအပြောင်းအရွှေ့တွင် အသင်းမှ ထွက်ခွာလိုသည့်ကစားသမား (၁၁)ဦးရှိနေကာ ယင်းမှာ ကောင်းမွန်သည့်လက္ခဏာမဟုတ်ကြောင်း The Mirror က ဖော်ပြခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular