ဂျူဗင်တပ်စ်အသင်းသည် အနာဂတ်မရေမရာဖြစ်နေသည့် တိုက်စစ်မှူး စီရော်နယ်လ်ဒို၏နေရာတွင် အစားထိုးရန် ဘာစီလိုနာမှ ဂရီးဇ်မန်းကို ပစ်မှတ်ထားနေသည်။
စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းဖော်များ နှင့် ဆက်ဆံရေးအဆင်မပြေဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်နေသလို၊ ဂျူဗင်တပ်စ်အသင်း၏ ပုံရိပ်ကျဆင်းမှုကြောင့်လည်း စိတ်ပျက်နေပြီး အသင်းပြောင်းရွှေ့ရန် စဉ်းစားလျက်ရှိသည်။
ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းသည် စီရော်နယ်လ်ဒို ထွက်ခွာသွားပါက အစားထိုးရန်အတွက် ပုံရိပ်မြင့် ကြယ်ပွင့်ကစားသမားတစ်ဦးဖြင့် ပြန်လည်အစားထိုးရန် ဆန္ဒရှိနေပြီး ဂရီးဇ် မန်းကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။
ဂရီးဇ်မန်းသည်လည်း အက်သလက်တီကိုမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ပြီးနောက် ပုံမှန်ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရသူဖြစ်သည်။
စပို့တင်းလစ္စဘွန်း ဥက္ကဋ္ဌ ဗာရန်ဒက်စ်က တစ်နေ့နေ့တစ်ချိန်ချိန်တွင် မိမိတို့အသင်းထံ စီရော်နယ်လ်ဒို ပြန်လာမည်ဟု ပြောကြားခဲ့သည်။