spot_img

စီရော်နယ်လ်ဒိုအနေဖြင့် အသက် ၄၀ အထိ ကစားနိုင်စွမ်းရှိကြောင်း မန်ယူအသင်းဖော်ဟောင်း ၀ိန်းရွန်နီ ပြောကြား

လက်ရှိတွင် ဒါဘီအသင်း၏ နည်းပြအဖြစ် ဆောင်ရွက်နေသော မန်ယူတိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက အသင်းဖော်ဟောင်း စီရော်နယ်လ်ဒိုအနေဖြင့် အသက် ၄၀ အထိ ကစားနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းသည် အသက် ၃၆ နှစ် အရွယ်ရှိ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ဂျူဗင်တပ်စ်အသင်းထံမှ ကနဦး ပေါင် ၁၂ သန်းအပြင် ဗိိ-သညျ ကြေး (ပေါင် ရှစ်သန်း) ဖြင့် ပြန်လည်ခေါ်ယူခဲ့သည်။ စီရော် နယ်လ်ဒိုသည် မန်ယူအသင်းတွင် ပထမ အကြိမ်အဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ် အထိ ခြောက်ရာသီကြာ ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၂၉၂ ပွဲတွင် ၁၁၈ ဂိုး သွင်းယူပေးခဲ့သည်။

myan789

မန်ယူအသင်းတွင် စီရော်နယ်လ်ဒိုနှင့်အတူ ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ငါးရာသီကြာ တွဲဖက်ကစားခဲ့ဖူးသော အင်္ဂလန် တိုက်စစ်မှူးဟောင်း ရွန်နီက စီရော်နယ်လ်ဒို၏ ကစားပုံနှင့်ဆိုလျှင် အသက် ၄၀ အရွယ်ထိ ကစားနိုင်စွမ်းရှိကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရွန်နီက “စီရော်နယ်လ်ဒိုဟာ မန်ယူအသင်းမှာ ပထမဆုံးအကြိမ် ကစားခဲ့တုန်းက တစ်ကွင်းလုံး ပြေးလွှားကစားခဲ့သလို အလိမ်အခေါက်တွေလည်း အများကြီးပြုလုပ်ခဲ့ပါတယ်။ သူဟာ အဲဒီတုန်းက မြန်နှုန်းမြင့်ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ စီရော်နယ်လ်ဒိုဟာ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး ဖြစ်နေပါပြီ။ သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ အလျင်အမြန် အံဝင်မယ်လို့ ကျွန်တော် ယူဆပါတယ်။ သူ့အနေနဲ့ ခန္ဓာကိုယ်ကို အထူးဂရုစိုက်တာကြောင့် လက်ရှိအချိန်အထိ သူဟာ အကောင်းဆုံးအနေအထားမှာ ရှိနေဆဲဖြစ်ပြီး ရိုင်ယန်ဂစ်လိုပဲ အသက် ၄၀ အထိ ကစားကာ ဂိုးတွေအများကြီး သွင်းယူနိုင်ဦးမယ်လို့ ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ရွန်နီက စီရော်နယ်လ်ဒို ရောက်ရှိလာခြင်းကြောင့် မန်ယူအသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုကို စိန်ခေါ်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။ “စီရော်နယ်လ်ဒိုကို ပြန်လည်ခေါ်ယူခဲ့တာက အသင်းအတွက် အရမ်းကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ စီရော်နယ်လ်ဒိုဟာ စိတ်ဓာတ်အလွန် ပြင်းထန်သူဖြစ်ပြီး သူ့အနေနဲ့ မန်ယူအသင်းရဲ့ လူငယ်ကစားသမားတွေကို စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးနိုင်ပါလိမ့်မယ်။ စီရော်နယ်လ်ဒို ရောက်ရှိလာတာကြောင့် မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ရွန်နီက ဆိုသည်။

စီရော်နယ်လ်ဒိုသည် မနေ့ကကစားခဲ့သည့် နယူးကာဆယ်နှင့်ပွဲတွင် ပါဝင်ကစားခဲ့ပြီး သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular