spot_img

စိတ်ကျရောဂါ ခံစားနေခဲ့ရကြောင်း ဖွင့်ဟလိုက်တဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဟာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းမှ ပရိသတ်တွေရဲ့ အချစ်တော် တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်ခဲ့တဲ့ ဂျာဗီးယား ဟာနန်ဒက်စ် က သူဟာ စိတ်ကျရောဂါ ဝေဒနာတွေကို ခံစားနေခဲ့ရကြောင်း အံ့ဖွယ် ဖွင့်ဟ ပြောကြားသွားခဲ့လိုက် ပါတယ် ။

အသက် 33 နှစ် ရှိနေပြီ ဖြစ်တဲ့ ဂျာဗီးယား ဟာနန်ဒက်စ်ဟာ လက်ရှိ အချိန် အမေရိကန် မေဂျာလိဂ်မှ LA ဂလက်စီ အသင်းမှာ ကစားနေသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အချိန် 5 နှစ်တာ ကစားပေးခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ် ။

myan789

ချီချာရီတို လို့ အမည်ရခဲ့တဲ့ ဟာနန်ဒက်စ်ဟာ မန်ချက်စတာမှာ ရှိနေခဲ့တဲ့ 5 နှစ်တာ အချိန်ကာလအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ 157 ပွဲ ကစားပေးထားခဲ့ပြီး 59 ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ပရီးမီးယားလိဂ် ဖလား 2 ကြိမ် ဆွတ်ခူးထားနိုင်ခဲ့ ပါတယ် ။

အဲ့ဒီနောက် 2014 မှာ သူဟာ စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်းထံ အငှား သွားရောက် ကစားခဲ့သေးပြီး တစ်နှစ် အကြာမှာ ဂျာမန် အခြေစိုက် ဘိုင်ယန် လေဗာကူဆင် အသင်းဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီး 2 ရာသီ ကစားပေးခဲ့ ပါတယ် ။

အဲ့ဒီနောက် သူဟာ ပရီးမီးယားလိဂ် ကလပ် ဖြစ်တဲ့ ဝက်စ်ဟမ်း ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့ပြီး 2 ရာသီ ကစားပေးခဲ့တဲ့နောက် စပိန် ကလပ် ဆီဗီလား အသင်းဆီ ဆက်လက် ပြောင်းရွှေ့သွားခဲ့ပါတယ် ။ အဲ့ဒီနောက် 2020 မှာပဲ သူဟာ စိတ်ကျရောဂါ ခံစားခဲ့ရပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ အဆိုပါကာလအတွင်းမှာ သူဟာ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ပြသနာ အချို့ကို ရင်ဆိုင် နေခဲ့ရလို့ပဲ ဖြစ်ပါတယ် ။ 2020 အတွင်း ကမ္ဘာ့အနှံ့ ကိုရိုနာ ရောဂါပိုးဟာ ပျံ့နှံ့နေခဲ့ပြီး ဒီလိုကာလအတွင်း သူ့ရဲ့ အဖိုး ဖြစ်သူ ဆုံးပါးသွားခြင်းက ဟာနန်ဒက်စ်ကို စိတ်ပိုင်းဆိုင်ရာ ထိုးနှက််ချက် ဖြစ်သွားစေခဲ့ ပါတယ် ။

ဒါပေမဲ့ 2021 မှာတော့ သူဟာ ဆိုးရွားတဲ့ ရက်စွဲ တွေကို ​ကျော်ဖြတ် နိုင်ခဲ့ပြီး အခုတော့ LA ဂလက်စီ အသင်းအတွက်် ကစားပေးနိုင်ခဲ့ပါပြီ ။ အခုတော့ ဒဏ်ရာ ရရှိနေခဲ့တဲ့ ဟာနန်ဒက်စ် က စိတ်ကျ ဝေဒနာ ခံစားခဲ့ရတဲ့ ရက်စွဲတွေ အကြောင်း ပြန်ပြောင်း ပြောကြား သွားခဲ့လိုက်ပါတယ် ။

” ကျွန်တော် အဆင်ပြေ နေပါပြီ ၊ ကျွန်တော် ပြန်လည် ပျော်ရွှင်နေပါပြီ ။ ကျွန်တော် လက်ရှိပိုင်ဆိုင်နေတဲ့ အနေ အထားနဲ့ ပတ်သက်လို့ တကယ်ပဲ ပျော်ရွှင် ကျေနပ်မိ ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်က ကျွန်တော်ရဲ့ ဘဝဟာ အရမ်းကို ရှုပ်ထွေးခဲ့တယ်လေ ။ ကျွန်တော် စိတ်ကျရောဂါ ခံစားခဲ့ရ ပါတယ် ”

” ဒီလို ကာလအတွင်း ကျွန်တော့် အဖိုးကိုလည်း ဆုံးရှုံးခဲ့ရ ပါတယ် ။ အဲ့ဒီနောက် ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး ဘဝမှာ ကိုင်တွယ် ဖြေရှင်းခဲ့ရတဲ့ ပြသနာတွေ ၊ အခက်အခဲတွေရှိလာခဲ့ပါတယ် ။ ပြောရမယ်ဆိုရင် ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ဟိုးအောက်အထိ ထိုးကျနိမ့်ပါးခဲ့ရ ပါတယ် ”

” အဲ့ဒီနောက် ကျွန်တော်ဟာ ဒုက္ခသည် ဇုံထဲကနေ ထွက်ခွာဖို့ ကြိုးစား အားထုတ်ခဲ့ရ ပါတယ် ။ ကျွန်တော် ၊ ကျွန်တော့်ရဲ့ ဘဝအတွက် ကိုယ်တိုင် တာဝန်ယူမှု ပြုလုပ်နိုင်ဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ရပါတယ် ။ ကျွန်တော် မျက််မှောက်ကာလမှာပဲ ရှင်သန်းရင်း လူ့ဘဝကို ပျော်ရွှင်ခံစားချင်ခဲ့ပါတယ် ။ ပြီးတော့ ကျွန်တော်ချစ်တဲ့ ဘောလုံး အားကစားကိုပဲ ဆက်လက် ကစားချင်နေမိခဲ့ပါတယ် ”

” အဲ့ဒီနောက် ကျွန်တော့်ရဲ့ အချိန်တွေကို ကြံ့ခိုင်မှု ၊ စိတ်ဆရာဝန် ၊ ခံစားချက််တွေ ထိန်းချုပ်နိုင်ဖို့ ၊ စျေးကွက်ထဲ ဝင်ရောက် နိုင်ဖို့ စတင် အသုံးပြုခဲ့ရ ပါတယ် ။ အခုတော့ ကျွန်တော် တကယ်ပဲ အဆင််ပြေနေပါပြီ ” လို့ ဟာနန်ဒက်စ် က ခက်ခဲတဲ့ ရက်စွဲတွေ ကြုံခဲ့ပေမယ့် ကြိုးစားကျော်ဖြတ်ရင်း မြက်ခင်းစိမ်းဆီကို ပြန်လာနိုင်ပြီ ဖြစ်ကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular