အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က စာချုပ်သစ်ကိစ္စအတွက် အလျင်မလိုကြောင်း ပြောကြားခဲ့သည်။
အင်္ဂလန်အသင်းနှင့် ချုပ်ဆိုထားသည့် ဆောက်ဂိတ်၏ လက်ရှိ စာချုပ်သက်တမ်းမှာ (၁၄)လသာ ကျန်ရှိတော့ကြောင်း သိရှိရသည်။
သို့သော် ဆောက်ဂိတ်က ”ကျွန်တော့်ရဲ့စာချုပ်သက်တမ်းက (၁၄)လ ကျန်ပါသေးတယ်။ ကျွန်တော့်အနေနဲ့ အသင်းအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပြီး စာချုပ်ကိစ္စက ပြဿနာမဟုတ်ဘူးလို့ ထင်ပါတယ်”ဟု ဆိုခဲ့သည်။
FA သည် ဆောက်ဂိတ်ကို ယူရို-၂၀၂၄ ပြိုင်ပွဲအထိ ဆက်လက်ခန့်အပ်ရန် ရည်ရွယ်ထားသော်လည်း စာချုပ်သစ်ချုပ်ဆိုရန်အတွက် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲပြီးမှသာ ဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။