စာချုပ်သစ်ချုပ်ဆိုရန် ကြန့်ကြာနေသည့် ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားသည် အသင်းထံ တစ်နှစ်လုပ်ခ ယူရို(၁၈)သန်း တောင်းဆိုဖွယ်ရှိကြောင်း Gazetta dello Sport နှင့် Tuttosport တို့က ဖော်ပြခဲ့သည်။
ဒီဘားလားသည် ၂၀၂၂ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ ဂျူဗင်တပ်စ်အသင်းက ၎င်းအား သက်တမ်းတိုးရန် အပြင်းအထန် ကြိုးစားနေခြင်းဖြစ်သည်။
ဒီဘားလားသည် ၂၀၁၉-၂၀ ရာသီ စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအား ဆွတ်ခူးခဲ့သူဖြစ်ပြီး (၁၇)ဂိုးသွင်း၊ (၁၄)ဂိုး ဖန်တီးကာ အသင်းအတွက် ခြေစွမ်းပြခဲ့သည်။
သို့ဖြစ်ရာ ဒီဘားလားသည် ၎င်းအနေဖြင့် မြင့်မားသည့် လစာငွေဖြင့် ထိုက်တန်သည်ဟု ယူဆနေပြီး စီရော်နယ်လ်ဒိုပြီးနောက် စီးရီးအေ၏ ဒုတိယလုပ်ခအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်မည့် တစ်နှစ်လုပ်ခ ယူရို(၁၈)သန်းကို အလိုရှိနေခြင်းဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းသည် ဘဏ္ဍာရေးဟန်ချက်ကို ထိန်းညှိနေရသဖြင့် အဆိုပါပမာဏကို ပေးချေရန် ခက်ခဲမည်ဖြစ်သည်။