ပက်ဂွါဒီယိုလာက မန်စီးတီးကစားသမားတွေ စပို့တင်းလစ္စဘွန်းနဲ့ပွဲစဉ်က ခံစစ်ပိုင်းအမှားတွေကနေ သင်ယူလေ့လာနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ သုံးပွဲဆက် ရှုံးခဲ့ပြီးနောက် ယနေ့ည ဘရိုက်တန်နဲ့ပွဲစဉ်မှာ ပြန်လည်ရုန်းထနိုင်ဖို့ လိုအပ်နေပါတယ်။
စပို့တင်းလစ္စဘွန်းနဲ့ပွဲစဉ် အစောပိုင်းမှာ မန်စီးတီးက ခြေအသာနဲ့ကစားနိုင်ပြီး ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ စပို့တင်းလစ္စဘွန်းက ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေဆက်တိုက်သွင်းယူခဲ့တာကြောင့် ဂိုးပြတ်အရှုံးပေးခဲ့ရပါတယ်။
ဂွါဒီယိုလာကတော့ ကစားသမားတွေအနေနဲ့ အဆိုပါပွဲစဉ်က ခံစစ်အမှားတွေကနေ သင်ခန်းစာယူနိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဂွါဒီယိုလာက “ပင်နယ်တီတွေနဲ့ပဲ ကျွန်တော်တို့ ဂိုးပေးလိုက်ရတာပါ။ ပရီးမီးယားလိဂ်မှာဆိုရင် ဒီလိုဟာမျိုးက ပင်နယ်တီမပေးပေမယ့် ဒါက ဥရောပဖြစ်နေပါတယ်။
ကျွန်တာ်တို့ အဲ့ဒီအမှားတွေကနေ တိုးတက်လာအောင် လုပ်ရပါမယ်။”လို့ ပြောခဲ့ပါတယ်။