spot_img

စပိန် Vs အင်္ဂလန် ယူရို ဗိုလ်လုပွဲ မှာ ဘယ်အသင်း အနိုင်ရသွားမလဲ ခန့်မှန်းလိုက်တဲ့ ခရစ်ဆပ်တန်

စပိန် Vs အင်္ဂလန် ( ဇူလိုင်လ ၁၅ ၊ တနင်္လာနေ့ ၊ မြန်မာ စံတော်ချိန် နံနက် ၁ နာရီခွဲ )

” စပိန် အသင်း ကစားသမားတွေက ကွင်းထဲမှာ ဘာတွေ ဖြစ်ပျက် နေသလဲ ဆိုတာ ကောင်းကောင်း ဖတ်နိုင်တဲ့သူတွေပါ ။ High press ကစားတဲ့ အချိန်တွေ ရှိသလို ခံစစ် ဆော့တဲ့ အချိန်တွေလည်း ရှိတာပါပဲ ၊ ခံစစ် မှာ နေရာလွတ်တွေ မရှိအောင် နေရာကျဉ်းအောင် ကစားမှာပါပဲ ၊ နယ်သာလန် နဲ့ ပွဲမှာ ဖိုဒန် နေရာလွတ်တွေ ရခဲ့သလိုမျိုး မဖြစ်အောင် ကစားလာမှာပါ ။ ”

myan789

” ဒါပေမဲ့ စပိန် က ဘောလုံး ပြန်ရတာနဲ့ ပေးပို့မှု တစ်ကြိမ် နှစ်ကြိမ်လောက်နဲ့ တိုက်စစ် စတင် နိုင်ပြီး အသင့် ဘောလုံး လက်ခံမယ့် မြန်နှုန်းမြင့် ကစားသမားတွေလည်း ရှိနေပါတယ် ။ ဝီလီယံ နှင့် ဝေါလ်ကာ တို့ နှစ်ယောက် ထိပ်တိုက် တွေ့ဆုံမှုကလည်း ကြည့်ရတာ တကယ် တန်မယ့် ပွဲပါ ၊ ဒါက ပွဲအဖြေ ကို ဆုံးဖြတ်ပေးမယ့် တစ်ဦးချင်း ထိပ်တိုက်တွေ့ဆုံမှုပါပဲ ။ ”

” အင်္ဂလန် ကကျ စပိန် နဲ့ ခြားနားတဲ့ အသင်းပါ ၊ ကစားဟန် တခု နဲ့ တည်ဆောက်ထားတယ် ဆိုတာထက် ပွဲအဖြေကို ပြောင်းလဲ ပေးနိုင်တဲ့ အခိုက်အတန့်တွေနဲ့ ဒီအဆင့်ထိ ရောက်လာခဲ့တာပါ ။ ကျနော့်စိတ်ထဲမှာ စပိန် က ရှင်းလင်းပြတ်သားတဲ့ ကစားဟန် ရှိတာကြောင့် ပိုကောင်းတဲ့ အသင်း လို့တော့ ခံစားရပါတယ် ။ ဒါပေမဲ့ အင်္ဂလန် အသင်း အနေနဲ့ ဒီပြိုင်ပွဲမှာတောက်လျှောက် အနိုင်ရခဲ့တုန်းကလိုပဲ ဆက်လုပ်နိုင်ဖို့ လိုအပ်ပါတယ်၊ အင်္ဂလန် က သူတို့ အနိုင်ရတဲ့ ပွဲမှာတောင် အကောင်းဆုံး မဖြစ်ခဲ့ပါဘူး ။ ”

Southgate's prediction – Spain 2-1 England

” ဆောက်ဂိတ် ရဲ့ ကစားသမားတွေက ယုံကြည်မှု မြင့်မား နေကြပါတယ် ၊ အသင်းလိုက် စုစည်းမှု အားကောင်းသလို စပိန် ကို ဒုက္ခ ပေးနိုင်တဲ့ တစ်ဦးချင်း ထူးချွန်သူတွေလည်း ရှိပါတယ် ၊ ဒါပေမဲ့ အဲ့တာလောက်နဲ့ မလုံလောက်ပါဘူး ။ အင်္ဂလန် အသင်း ဥရောပ ချန်ပီယံ အဖြစ်နဲ့ အိမ်ကို ပြန်လာရင် ကျနော် အတိုင်းထက် အလွန် ကျေနပ်မိမှာပါ ၊ ဒါပေမဲ့ ပြိုင်ပွဲ တစ်လျှောက် အင်္ဂလန် အသင်းကို မျက်စိမှိတ် ထောက်ခံတာမျိုး မလုပ်ခဲ့တော့ ဗိုလ်လုပွဲမှ စမလုပ်တော့ပါဘူး ။ ”

” ကျနော်ကတေ့ာ စပိန် အသင်း အနိုင် ရလိမ့်မယ်လို့ မြင်ပါတယ် ။ သူတို့က ပြိုင်ဘက်ကို အသာစီး ရယူ နိုင်ပါတယ်။ အင်္ဂလန် အနေနဲ့ သူတို့ကို ရပ်တန့် နိုင်ဖို့ မမြင်ပါဘူး ။ ”

ဆပ်တန် ရဲ့ ခန့်မှန်းချက် – စပိန် ၂-၁ အင်္ဂလန်

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular