စပိန် အနေနဲ့ ဂျာမနီ ကို လုံးဝ အနိုင်မရနိုင်တဲ့ အကြောင်းအရင်း နှစ်ရပ်ကို ပြောကြားလိုက်တဲ့ လေမန်း

Lamine-Yamal-and-Nico-Williams-have-been-two-of-Spain_s-key-players

အာဆင်နယ် အသင်း နှင့် ဂျာမနီ လက်ရွေးစင် ဂိုးသမားဟောင်း လေမန်း က စပိန် အသင်း ကစားသမားတွေဟာ လူကောင် သေးလွန်းပြီး အတွေ့အကြုံ နုနယ်တာကြောင့် ယူရို ချန်ပီယံ မဖြစ် နိုင်ဘူးလို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲ ရဲ့ ရှုံးထွက် အဆင့် ပွဲစဉ် တွေ ပြီးဆုံး သွားခဲ့ပြီ ဖြစ်ပြီး ကွာတားဖိုင်နယ် ကို တက်လှမ်း သွားတဲ့ အသင်း ၈ သင်း ထွက်ပေါ် လာခဲ့ပါပြီ ။ ကွာတားဖိုင်နယ် မှာ ခြေစွမ်းပိုင်း အကောင်းဆုံး ပုံစံ ပြထားကြတဲ့ စပိန် နှင့် ဂျာမနီ တွေ့ဆုံ နေကြသလို ပြင်သစ် နှင့် ပေါ်တူဂီ လို အသင်းကြီးတွေလည်း ထိပ်တိုက် တွေ့နေကြပါတယ် ။

myan789

တခြား တစ်ဖက်မှာတော့ အင်္ဂလန် အသင်းက ဆွစ်ဇာလန် နဲ့ တွေ့ဆုံ နေပြီး နယ်သာလန် အသင်းက တူရကီ နဲ့ ကစားရမှာ ဖြစ်ပါတယ် ။ စပိန် နှင့် ဂျာမနီ အသင်းပွဲဟာ ကွာတားဖိုင်နယ် ပွဲစဉ်တွေထဲမှာ အကောင်းဆုံး ပွဲစဉ် လို့ သတ်မှတ်လို့ ရနိုင်ပြီး လေမန်း ကတော့ သူ့ရဲ့နိုင်ငံ အသင်း ဂျာမနီ က စပိန်ကို အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်မှု ရှိနေပါတယ် ။

Germany-Euro-2024

ဂျာမနီ က စပိန်ကို နိုင်မယ်လို့ ဘာကြောင့် ယုံကြည်မှု ရှိနေတာလဲ ဆိုတဲ့ မေးခွန်းကို လေးမန်း က ” ဘာကြောင့်လဲ ဆိုရင် ဒီလို ပြိုင်ပွဲမျိုးမှာ စပိန် လို ရလဒ်တွေလည်းကောင်းတယ် ၊ ချန်ပီယံ ခြေစွမ်းလည်း ပြတဲ့ အသင်းတွေက ရုတ်တရက် ရလဒ် ပြောင်းသွားတတ်တာကြောင့်ပါ ။ ”

” အရင်တုန်းကလည်း စပိန်က အဲ့ဒီလို ဖြစ်ခဲ့ဖူးပါတယ် ။ နည်းစနစ် ပိုင်း ရှု့ထောင့် ၊ အရည်အ‌‌ သွေးပိုင်း အရဆို သူတို့က ကျနော်တို့ထက်တောင် ပိုကောင်းပါတယ် ။ ဒါပေမဲ့ သူတို့က လူကောင်သေးလွန်းပီး အတွေ့အကြုံလည်း နည်းပါတယ် ၊ လူငယ် အသင်း တစ်သင်းလို့ ပြောရမှာပါ ။ ”

” တောင်ပံ ကစားသမား နှစ်ဦးဆိုလည်း တကယ့် ငယ်ငယ်လေးတွေပါ။ ဂိုးသမား အစ ၊ ခံစစ် အလယ် ၊ တိုက်စစ်မှုး မိုရာတာ အဆုံး အားလုံး က နိုင်ငံတကာ ပွဲအ‌‌တွေ့အကြုံ နည်းပါးကြပါတယ် ။ ခင်ဗျားတို့ အနေနဲ့ ရိုဒရီ က ၂၈ နှစ် ရှိပြီပြောနေပေမယ့် သူ့ရဲ့ အသင်းဖော်တွေက ၁၆ နှင့် ၂၁ တွေဆိုတော့ လူငယ် အသင်းပါပဲ ၊ ဒီလို အသင်းက ပုံမှန်ထက် စွမ်းဆောင်ပြတာမျိုး ရှိပေမယ့် အဆင့်တစ်ဆင့်ဆင့်မှာတော့ အရပ်အမောင်း မကောင်းကြတာကြောင့် ဒုက္ခရောက်ပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular