spot_img

စပိန်လာလီဂါပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက်

မာယော့ကာ – ဗယ်လက်ကာနို (တနင်္ဂနွေည ၁၁း၀၀ နာရီ)

နှစ်သင်းစလုံးလက်ကျန်မျှော်လင့်ချက်ခပ်ပါးပါးအတွက် ကစားကြရမှာဆိုပေမယ့် မာယော့ကာက ဖိအားသိပ်မရှိဘူး။ အိမ်ကွင်းကစားပုံလည်းကောင်းလို့ အိမ်ကွင်းနောက်ဆုံးပွဲမှာ ပရိသတ်ကို အနိုင်နဲ့နှုတ်ဆက်နိုင်ဖို့ အားထုတ်ပါလိမ့်မယ်။ ဗယ် လက်ကာနိုတို့ အမှတ်ရဖို့ အားကုန်ရုန်းလာနိုင်ပေမယ့် မာယော့ ကာနဲ့ ဂိုးအနည်းပဲရွေးထားချင်တယ်။

ဆိုစီဒက် – ဆီဗီလာ (တနင်္ဂနွေည ၁၁း၀၀ နာရီ)

myan789


ဆိုစီဒက်က အမှတ်မလိုတော့သလို ဆီဗီလာကလည်း ယူရိုပါလိဂ်ချန်ပီယံအဖြစ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါပြီ။ ဒါကြောင့် အခုပွဲက အခုပွဲက နှစ်သင်းစလုံးထိန်းထိန်းသိမ်းသိမ်းနဲ့ ကစားသွားဖို့များပါတယ်။ ဒါပေမဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအပေါ် ရာနှုန်းပြည့် အားကုန်ထုတ်ထားရတဲ့ အခြေအနေက ဆီဗီလာရဲ့ ဒီပွဲခြေစွမ်း အပေါ် ရိုက်ခတ်မှုရှိနေမှာသေချာပါတယ်။ အိမ်ရှင်ဆိုစီဒက်နဲ့ ဂိုး အနည်းပဲကောင်းမယ်ထင်တယ်။

ရီးယဲလ်မက်ဒရစ် – ဘီလ်ဘာအို (တနင်္ဂနွေည ၁၁း၀၀ နာရီ)



ဒုတိယနေရာတည်မြဲရေးအတွက် ရီးယဲလ်မက်ဒရစ်တို့ ရာသီပိတ်အိမ်ကွင်းပွဲကို အနိုင်ကစားထားဖို့လိုနေပါသေးတယ်။ ဘီလ်ဘာအိုကလည်း အဆင့် (၇)နေရာမျှော်လင့်ချက်အတွက် ရေကုန်ရေခန်းယှဉ်ပြိုင်ကစားမယ့်အသင်းဖြစ်လို့ ရီးယဲလ်တို့ အလွယ်တကူအသာရမယ်မထင်ဘူး။ ရီးယဲလ်မက်ဒရစ်က နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲဆက်အနိုင်ယူပြီး စိတ်ဓာတ်ပိုင်းပြန် တည်ဆောက်ထားနိုင်တဲ့အပြင် အိမ်ကွင်းရာသီသိမ်းနှုတ်ဆက်ပွဲ လည်းဖြစ်လို့ အမှတ်လိုနေသေးတဲ့ ဒီလိုပွဲမျိုးမှာ အမှားခံမှာ တော့မဟုတ်ဘူး။ ဘီလ်ဘာအိုကလည်း ပန်းဝင်ခါနီးခရီးပန်းသွား တဲ့ပုံပေါ်နေပြီး တကယ်အမှတ်လိုနေတဲ့အချိန်မှာ နောက်ဆုံး (၂)ပဲဆက်ရှုံးပွဲတွေ့ထားတယ်။ အထူးသဖြင့်တိုက်စစ်ပိုင်းပုံမှန် ခြေစွမ်းမရှိတော့တာက ဘီလ်ဘာအိုအတွက် ထိုးနှက်ချက်ပါပဲ။ ဘာနေဗျူးမှာတော့ ရီးယဲလ်နဲ့ ဂိုးအနည်းကိုပဲရွေးထားချင်တယ်။

ဗီလာရီးယဲလ် – အက်သလက်တီကို (တနင်္ဂနွေည ၁၁း၀၀ နာရီ)



ဗီလာရီးယဲလ်ကတော့ ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာသေ ချာနေပြီး ဖိအားကင်းနေပါပြီ။ အက်သလက်တီကိုကတော့ ဒုတိယနေရာ မျှော်လင့်ချက်အတွက် မဖြစ်မနေနိုင်ပွဲရထားဖို့ ကြိုးစားလာမှာပါ။ နောက်ပြီး ဗီလာရီးယဲလ်နဲ့ ပထမအကျော့ အိမ်ကွင်းအရှုံးအတွက်လည်း ပြန်လက်စားချေဖို့ရှိနေသေး တယ်။ ဗီလာရီးယဲလ်ကတော့ ရာသီပိတ်အိမ်ကွင်းနှုတ်ဆက်ပွဲ ကို မျက်နှာမပျက်အောင် ထိန်းထိန်းသိမ်းသိမ်းကစားဖို့ကလွဲ ပြီး တခြားဘာရည်ရွယ်ချက်မှ ရှိမယ်မထင်ပါဘူး။ အစဉ်အလာ အရလည်း ဗီလာရီးယဲလ်ဟာ အက်သလက်တီကိုကို သိပ်ပြီး ယှဉ်နိုင်လေ့ရှိတဲ့အသင်းလည်းမဟုတ်လို့ ဗီလာရီးယဲလ်ကို ဒီပွဲမှာ သိပ်မျှော်လင့်မထားသင့်ဘူးထင်ပါဘူး။ အရေးပါတဲ့ အ ခိုက်အတန့်တွေကို သန်သန်မာမာကျော်ဖြတ်ပြလေ့ရှိတဲ့ အက် သလက်တီကိုနဲ့ ဂိုးအများပဲရွေးထားလိုက်တယ်။

အိုဆာဆူနာ – ဟီရိုနာ  (တနင်္ဂနွေည ၁၁း၀၀ နာရီ)


လက်ရှိအဆင့် (၇)နေရာကို ထိန်းထားနိုင်ဖို့အိုဆာဆူနာ အိမ်ကွင်းမှာနောက်ဆုံး အားထုတ်လိမ့်မယ်။ ဟီရိုနာကတိုက်စစ် ကောင်းပြီးအဆင့် (၇)နေရာလုရမယ့်အသင်းဆိုပေမယ့် အဝေး ကွင်းပုံမှန်ခြေမရှိပါဘူး။ အိုဆာဆူနာနဲ့ ဂိုးအနည်းပဲကြိုက်တယ်။

ဆယ်လ်တာဗီဂို – ဘာစီလိုနာ (တနင်္လာနံနက် ၁း၃၀ နာရီ)



အဆင့် (၁၇)ရောက်နေတဲ့ ဆယ်လ်တာဗီဂိုတန်းမဆင်းရ ရေးအတွက် နောက်ဆုံးရုန်းပြရမယ့်ပွဲပါပဲ။ ဘာစီလိုနာကလည်း ချန်ပီယံဖြစ်ပြီးတဲ့နောက် လူငယ်တွေကို ပွဲထုတ်ပြီး သာမန် လောက်ပဲကစားနေတယ်။ အခုလည်း အဝေးကွင်းမှာဆိုတော့ ဘာစီလိုနာပုံမှန်လောက်ပဲ ထိန်းထိန်းသိမ်းသိမ်းကစားသွားဖို့ များနေတယ်။ အိမ်ကွင်းမှာ ရှိသမျှအားအကုန်ထုတ်ပြီး ရုန်း ထွက်ပြရမယ့် ဆယ်လ်တာဗီဂိုကိုပဲရွေးထားသင့်တယ်။ ဂိုးတော့ နည်းမယ်ထင်တယ်။

ဘက်တစ် – ဗလင်စီယာ (တနင်္လာနံနက် ၁း၃၀ နာရီ)



ဘက်တစ်အတွက် အရေးမပါတော့ပေမယ့် ဗလင်စီယာ ကတော့ တန်းမဆင်းရရေးအမှတ်ရှာရဦးမယ်။ ပုံမှန်ဆိုဘက်တစ် ကိုယှဉ်နိုင်ဖို့မရှိပေမယ့် အခုပွဲတော့ ဗလင်စီယာအခွင့်အရေး ရနိုင်ပါတယ်။ ဗလင်စီယာနဲ့ ဂိုးအနည်းပဲရွေးထားမယ်။

ဗယ်လာဒိုလစ် – ဂီတာဖေး (တနင်္လာနံနက် ၁း၃၀ နာရီ)


တန်းဆင်းအန္တရာယ်နဲ့ ကြုံနေရသေးတဲ့အသင်းအားလုံး ကတော့ ဒီပွဲမှာ ဗယ်လာဒိုလစ်ရှုံးပါစေလို့ ဆုတောင်းနေပါလိမ့် မယ်။ ဗယ်လာဒိုလစ်ရှုံးတာနဲ့ သူတို့အားလုံးလည်း တန်းဆင်း အန္တရာယ်ကလွတ်သွားတော့မှာပါ။ ဗယ်လာဒိုလစ်ကလည်း အိမ်ကွင်းပရိသတ်ရှေ့မှာ ဒီလိုအဖြစ်ခံမယ်မထင်ဘူး။ အစွမ်း ကုန်ရုန်းရင်းကန်ရင်း တန်းမဆင်းရရေးလွတ်မြောက်ဖို့ အား ထုတ်လာလိမ့်မယ်။ ဒါပေမဲ့ ဂီတာဖေးကလည်း အမှားခံလို့ မရ တဲ့အခြေအနေပါ။ ဂိုးနည်းသရေပွဲလို့ပဲထင်တယ်။

အယ်လ်ချီ – ကာဒစ်ဇ် (တနင်္လာနံနက် ၁း၃၀ နာရီ)

တန်းဆင်းသွားပြီးမှ အယ်လ်ချီခြေပြန်မှန်လာနေတာတွေ့ ရတယ်။ နောက်ဆုံး (၄)ပွဲဆက်ရှုံးပွဲမရှိကစားခဲ့ပြီး ယုံကြည်မှု လည်းမြင့်နေတယ်။ ကာဒစ်ဇ်ကလည်း တန်းမဆင်းရရေးအမှတ် ရှာနေရပေမယ့် အဝေးကွင်းအားနည်းမှုကြောင့် အခက်တွေ့နိုင် ပါတယ်။ ဂိုးနည်းသရေကျမယ့်ပွဲလို့ပဲ ခန့်မှန်းချင်တယ်။

အက်စ်ပန်ညို – အယ်မယ်ရီယာ (တနင်္လာနံနက် ၁း၃၀ နာရီ)

တန်းဆင်းသွားရပြီဖြစ်တဲ့ အက်စ်ပန်ညိုရဲ့အိမ်ကွင်းနောက် ဆုံးနှုတ်ဆက်ပွဲပါပဲ။ အယ်မယ်ရီယာကတော့ အမှတ်ရှာရဦးမှာ ဆိုပေမယ့် တန်းဆင်းသွားရလို့ ပေါ့ပေါ့ပါးပါးဖိအားလည်းမရှိ တော့ဘဲ အိမ်ရှင်အက်စ်ပန်ညိုကို မနည်းတောင့်ခံရဖို့ရှိနေတယ်။ အက်စ်ပန်ညိုနဲ့ ဂိုးအများပဲကြိုက်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular