spot_img

စပိန်လာလီဂါပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက်

ဗယ်လာဒိုလစ် – ဘက်တစ် (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
ဘက်တစ် အဝေးကွင်းမှာ သရေပွဲတွေ ဆက်နေတယ်။ ဗယ်လာဒိုလစ်ကလည်း တန်းဆင်းအန္တရာယ်နဲ့ ကြုံနေရတဲ့အ သင်းပီပီ အိမ်ကွင်းအားကို အစွမ်းကုန်အသုံးချတော့မှာပါ။ ဒါပေ မဲ့ ဗယ်လာဒိုလစ် တိုက်စစ်အားနည်းမှုက ဘက်တစ်အတွက် အခွင့် အရေးဖြစ်သွားနိုင်တယ်။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

ဗီလာရီးယဲလ် – ဂီတာဖေး (တနင်္ဂနွေည ၈း၄၅ နာရီ)
ဗီလာရီးယဲလ်ကလည်း ယူရိုပါလိဂ် ဆီမီးဖိုင်နယ်တစ်ဖက် နဲ့ လာလီဂါဘက်မှာ ရလဒ်ပိုင်းအတက်အကျတွေ များလာတယ်။ ဒါပေမဲ့ အရင်ကထက် တိုက်စစ်ကို ရဲရဲတင်းတင်း ဖွင့်ကစားလာ ပုံကြောင့် ဗီလာရီးယဲလ်တို့ ဂိုးသွင်းနှုန်းပါ တက်လာနေတယ်။ ဂီတာဖေးကလည်း အဝေးကွင်းပုံမှန်ခြေစွမ်းမရှိလှပေမဲ့ ခံစစ်ကို အားပြုကစားနိုင်တဲ့ကစားပုံကြောင့် ဗီလာရီးယဲလ်အတွက် ဒီပွဲက အလွယ်တကူအသာရနိုင်မယ့်ပွဲ ဖြစ်မလာနိုင်ပါဘူး။ ယူရိုပါလိဂ် (၂)ပွဲကြားမှာ ကစားရမယ့်ပွဲဖြစ်လို့လည်း ထိန်းကစားသွားဖို့များနေတယ်။ ဂိုးအနည်းနဲ့ သရေကျသွားမယ့်ပွဲမျိုးလို့ပဲထင်တယ်။

myan789

ဂရန်နာဒါ – ကာဒစ်ဇ် (တနင်္ဂနွေည ၁၁းဝ၀ နာရီ)
နှစ်သင်းစလုံး အလယ်အလတ် ဟိုမရောက်ဒီမရောက် အခြေအနေဖြစ်နေလို့ သိပ်မျှော်လင့်ထားလို့ မရတော့ဘူး။ ဒါပေ မဲ့ လက်ရှိဂရန်နာဒါရဲ့ နိုင်ပွဲပြန်ရှာပြနေတဲ့ အခြေအနေတွေအရ တော့ အိမ်ရှင်ဂရန်နာဒါကိုပဲ ရွေးထားမယ်။ ဂိုးများနိုင်တယ်။

ဗလင်စီယာ – ဘာစီလိုနာ (တနင်္လာနံနက် ၁း၃၀ နာရီ)
ဗလင်စီယာ ခုပွဲမှ ထတောက်ပြမလားဆိုတာ စောင့်ကြည့် ရတော့မယ်။ ပထမအကျော့ နူးကမ့်မှာတုန်းက ဘာစီလိုနာကို သရေခံ စားပြနိုင်ခဲ့ပြီး ဘာစီလိုနာနဲ့တွေ့တိုင်း ပိုအားထည့်ကစား လေ့ရှိတဲ့ ဗလင်စီယာကြောင့် ဘာစီလိုနာအတွက် ဒီပွဲက သတိ ကြီးကြီးနဲ့ ကစားရမယ့်ပွဲမျိုးပါပဲ။ ဘာစီလိုနာကလည်း ကြားရက် မှာ ကစားခဲ့တဲ့ ပွဲစဉ် (၃၃)ပွဲကျန်မှာ ရလဒ်ကောင်းခဲ့ရင် ထိပ်ဆုံး နေရာအထိရောက်လာမှာဖြစ်လို့ အခြေအနေကောင်းကိုထိန်းနိုင် ဖို့ ကြိုးစားမှာသေချာတယ်။ အခုနောက်ပိုင်း အဝေးကွင်းပွဲတွေမှာဘာစီလိုနာ အမှားနည်းအောင် ကြိုးစားကစားပြနိုင်နေတဲ့အပြင် ဂိုးသွင်းနှုန်းလည်း တက်လာတာက ဘာစီလိုနာအတွက် အား တက်စရာလိုဖြစ်နေတယ်။ အထူးသဖြင့် ဂရီးဇ်မန်း ဂိုးတွေ ပုံမှန် သွင်းပေးနေတာကလည်း မက်ဆီအပေါ် မှီခိုမှုကို နည်းနည်းတော့လျှော့ချပေးထားနိုင်တယ်။ ရင်ဆိုင်ရမယ့် ဗလင်စီယာကလည်း ဧပြီတစ်လလုံး နိုင်ပွဲပျောက်နေတဲ့အသင်းဖြစ်ပြီး ခံစစ်ကပါ ပြို နေလို့ ဘာစီလိုနာတိုက်စစ် ဂိုးရဖို့ မပူရလောက်ပါဘူး။ အဝေးကွင်း ပေမဲ့ ဘာစီလိုနာနဲ့ ဂိုးအများကိုပဲ ဦးစားပေးရွေးထားမယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular