စပိန်လာလီဂါပွဲစဉ် (၁၉) ပွဲကြိုသုံးသပ်ချက်

ဗယ်လာဒိုလစ် – ဗလင်စီယာ (တနင်္ဂနွေည ရး၃၀ နာရီ)

တန်းဆင်းဇုန်ထဲရောက်လာလို့ ဗယ်လာဒိုလစ်အမှတ်ရှာ ရမယ့်အချိန်ဖြစ်လာတယ်။ ဒါပေမဲ့ ဂိုးရဖို့ရုန်းကန်နေရတဲ့ တိုက် စစ်ကစားပုံနဲ့တော့ ဗလင်စီယာလိုအသင်းဆီက အမှတ်ပြည့်ယူ ထားနိုင်ဖို့မလွယ်ကူတာအမှန်ပါပဲ။ ဗလင်စီယာကလည်း အဝေး ကွင်းကစားပုံစိတ်မချရလို့ ဂိုးနည်းသရေပွဲလို့ပဲမှန်းထားမယ်။

myan789

အိုဆာဆူနာ – အက်သလက်တီကို (တနင်္ဂနွေည ၉း၄၅ နာရီ)

အက်သလက်တီကိုတို့ အဆင့် (၄)နေရာရောက်နေပေ မဲ့ ကစားပုံကတော့ အားရစရာသိပ်မကောင်းလှသေးဘူး။ အို ဆူဆာနာကစားပုံကတောင် အက်သလက်တီကိုထက်ပိုပြီးငြိမ် နေတယ်လို့ပြောနိုင်တယ်။ အိုဆာဆူနာရဲ့လက်ရှိခြေစွမ်းနဲ့ ခံစစ်ကစားပုံက အတက်အကျများတဲ့ အက်သလက်တီကိုတိုက် စစ်ကိုစိန်ခေါ်နိုင်စွမ်းရှိနေပါတယ်။ ဒါပေမဲ့ အိုဆာဆူနာအပေါ် အစဉ်အလာအရတစ်ဖတ်သက်အသာရနေသလို၊ အမှတ် လည်းပိုလိုနေတဲ့ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲရွေးမယ်။

ဆယ်လ်တာဗီဂို- ဘီလ်ဘာအို (တနင်္လာနံနက် ၀၀း၀၀ နာရီ)

တိုက်စစ်ပိုင်းပုံမှန်မရှိမှုက  ဘီလ်ဘာအိုကိုအဓိကအား နည်းစေတဲ့အချက်လိုဖြစ်နေတယ်။ အခုလည်း ဆယ်လ်တာဗီဂို လိုအသင်းနဲ့ အဝေးကွင်းပွဲမှာ ဘီလ်ဘာအိုတိုက်စစ်အလုပ်ဖြစ် မဖြစ်ကို စောင့်ကြည့်ရဦးမှာပါပဲ။ ဆယ်လ်တာဗီဂိုက အိမ်ကွင်း အားနဲ့အမှတ်ရအောင်ရှာနေတဲ့အသင်းဖြစ်ပြီး ဘီလ်ဘာအိုရဲ့  လက်ရှိကစားပုံအားနည်းနေမှုကို အခွင့်အရေးယူဖို့ကြိုးစားပါ လိမ့်မယ်။ ခြေပိုမာတဲ့ဆယ်လ်တာဗီဂိုနဲ့ ဂိုးအနည်းကိုပဲရွေး ထားလိုက်ချင်တယ်။

ရီးယဲလ်မက်ဒရစ် – ဆိုစီဒက် (တနင်္လာနံနက် ၂း၃၀ နာရီ)

နှစ်သင်းစလုံးကြားရက်စပိန်ဘုရင့်ဖလားမှာ  ပွဲကျပ်တွေ ကစားခဲ့ရတယ်။ ရီးယဲလ်ကအက်သလက်တီကို၊ ဆိုစီဒက်က ဘာစီလိုနာတို့နဲ့ကစားခဲ့ရပြီး ဒီပွဲကိုဆက်နွှဲရမှာဆိုတော့ နှစ် သင်းစလုံးပွဲပန်းမှုကိုယ်စီရှိနေနိုင်တယ်။ အထူးသဖြင့် အဝေး ကွင်းတွေမှာ ဘာစီလိုနာနဲ့ ရီးယဲလ်လိုအသင်းကြီးနှစ်သင်းကို ဆက်တိုက်ရင်ဆိုင်ရမယ့်ဆိုစီဒက်ရဲ့ခံနိုင်ရည်ကို မြင်ရမယ့် ကာလလို့ပဲထင်တယ်။ လက်ရှိမှာတော့ ဆိုစီဒက်ခြေစွမ်း ငြိမ် နေပြီး ဘာစီလိုနာနဲ့စပိန်ဘုရင့်ဖလားမတိုင်မီ ပြိုင်ပွဲစုံ (၇) ပွဲ ဆက်တိုက်အနိုင်ရထားတယ်။ ရီးယဲလ်ကတော့ စပိန်ဘုရင့် ဖလားနဲ့ လာလီဂါမှာ ပွဲပျက်တွေဆက်တိုက်နွှဲလာရပြီး အခုဆို စီဒက်နဲ့ပွဲကလည်း ရီးယဲလ်အတွက် လက်ရှိချန်ပီယံခြေစွမ်း ရှိ၊ မရှိစမ်းသပ်ဦးမှာပါ။ ဘာနေဗျူးမှာကစားမှာဆိုပေမဲ့ ဆိုစီ ဒက်တို့ အမှတ်ယူသွားနိုင်ပါတယ်။ ဂိုးနည်းသရေပွဲထင်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular