ဗီလာရီးယဲလ် – ဂီတာဖေး (တနင်္ဂနွေည ရး၃၀ နာရီ)
ဂီတာဖေး နိုင်ပွဲစရသွားပြီဆိုပေမဲ့ သိပ်တော့မျှော်လင့်မ ထားနိုင်သေးဘူး။ အဝေးကွင်းမှာ ဂီတာဖေး အဆင်သင့်ဖြစ်ဖို့ လိုနေနိုင်သေးတယ်။ ဗီလာရီးယဲလ်ကလည်း နိုင်ပွဲပြန်ရှာပြရ တော့မယ့်အချိန်မျိုး ရောက်နေပြီဆိုတော့ ဒီတစ်ခါ အိမ်ကွင်း ပွဲမှာ မျက်နှာအပျက်ခံတော့မယ်မထင်ဘူး။ ဗီလာရီးယဲလ်နဲ့ ဂိုး အများပဲ ရွေးထားရမယ့်ပွဲဖြစ်နေတယ်။
ဗလင်စီယာ – အက်သလက်တီကို (တနင်္ဂနွေည ၉း၄၅ နာရီ)
အိမ်ကွင်းနောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဘက်တစ်ကို အ နိုင်ယူပြီး ဗလင်စီယာ အရှိန်ပြန်ယူနေတာတွေ့ရတယ်။ နည်း ပြ ဘော်ဒါးလက်စ်ရဲ့ဗလင်စီယာဟာ ရာသီအစက ဟုတ်မလို လိုရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရုန်းကန်လာနေရတာကို တွေ့ရတယ်။ အထူးသဖြင့် ခံစစ်ပိုင်းမတည်ငြိမ်မှု၊ တိုက်စစ် က အဆုံးသတ်ဂိုးသွင်းအား ပုံမှန်မရှိမှုတွေက အသင်းကို ရုန်း ကန်ရတဲ့လမ်းကြောင်းပေါ် တွန်းပို့လိုက်သလိုပါပဲ။ အက်သ လက်တီကိုရဲ့ခြေ စွမ်းကလည်း ဒီရာသီ အားရစရာမရှိသေးဘူး။ အခုလည်း ချန်ပီယံလိဂ်မှာ အဆုံးအဖြတ်ပွဲနွှဲပြီး မက်စ်တဲလား ကို ရောက်လာတာဖြစ်လို့ အက်သလက်တီကိုရဲ့ကစားအားကို သိပ်ယုံစားဖို့ မဖြစ်နိုင်သေးဘူး။ ဗလင်စီယာကတော့ နိုင်ပွဲပြန် ရပြီး ယုံကြည်မှုပြန်အားကောင်းနေချိန်ဖြစ်လို့ အက်သလက် တီကိုကို ရင်ဆိုင်ဖို့အသင့်ဖြစ်နေနိုင်တယ်။ ဗလင်စီယာ သရေ တစ်မှတ်တော့ မျှော်လင့်လို့ရမယ်ထင်တယ်။ ဂိုးနည်းမယ်။
မာယော့ကာ – အယ်လ်ချီ (တနင်္လာနံနက် ၀၀း၀၀ နာရီ)
နောက်ဆုံးမိနစ်တွေ၊ အနီကတ်တွေက မာယော့ကာကို ဆွဲချနေသလိုပါပဲ။ မာယော့ကာကစားပုံ မဆိုးဘူး။ အယ်လ်ချီ ကလည်း အဝေးကွင်း မျှော်လင့်ထားလို့မရသေးတဲ့ အသင်းဖြစ် လို့ မာယော့ကာ အခွင့်အရေးရနိုင်ပြီး မာယော့ကာနဲ့ ဂိုးအများ ကို ရွေးထားကြည့်ချင်တယ်။
အိုဆာဆူနာ – ဆိုစီဒက် (တနင်္လာနံနက် ၀၀း၀၀ နာရီ)
အမှားနည်းနည်းနဲ့ အမှတ်ရအောင်ကစားနေတဲ့ ဆိုစီဒက် ကို အိုဆာဆူနာ အိမ်ကွင်းမှာအသာရဖို့ သိပ်မလွယ်ဘူး။ ဆိုစီ ဒက်ရဲ့ဟန်ချက်ညီတဲ့ကစားပုံကြောင့် အိုဆာဆူနာကို အခက် တွေ့မှာ သေချာတယ်။ အိုဆာဆူနာအနေနဲ့ ပြီးခဲ့တဲ့ရာသီက ဆိုစီဒက်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့သလို၊ ဒီပွဲမှာလည်း အသာရဖို့ မရှိဘူး။ ဆိုစီဒက်နဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။
ဘက်တစ် – ဆီဗီလာ (တနင်္လာနံနက် ၂း၃၀ နာရီ)
ဆီဗီးလ်မြို့ခံနှစ်သင်းစလုံးရဲ့ခြေစွမ်းက ဒီရာသီမှာ အား ရစရာကောင်းနေတယ်။ လက်ရှိ ဆီဗီလာရဲ့ အဝေးကွင်းထိန်း ကစားတတ်လွန်းတာကို ကျော်ဖြတ်ပြနိုင်ဖို့က ဘက်တစ်အ တွက် အရေးကြီးဆုံးပါပဲ။ ဘက်တစ် တိုက်စစ်ကစားပုံကလည်း မဆိုးလှလို့ ဒီတစ်ခေါက် ဆီဗီးလ်ဒါဘီမှာ ဘက်တစ်ကိုပဲ ရွေး ထားချင်တယ်။ ဂိုးများမယ်။