လီဗာပူးအသင်းတောင်ပံကစားသမား ဆာလက်က မိမိအနေနဲ့ စပိန်ဘာသာစကားကို သင်ယူနေကြောင်း အတည်ပြုခဲ့ပေမယ့် လာလီဂါမြေကိုပြောင်းနိုင်ချေအတွက်တော့ ငြင်းဆန်ခဲ့ပါတယ်။ အီဂျစ်သားဟာ လာမယ့်နွေရာသီမှာ အနာဂတ်ကို အဖြေရှာရဖွယ်ရှိနေပြီး စာချုပ်သစ်အနေအထားက မသေချာသေးတာဖြစ်ပါတယ်။တကယ်လို့ စာချုပ်သစ်အဆင်မပြေခဲ့ရင် ဆာလက်အနေနဲ့ ရာသီအကုန်မှာ အလွတ်နဲ့ထွက်ခွာနိုင်မှာဖြစ်ပါတယ်။ အသက် ၃၂ နှစ်သားကို အသင်းတော်တော်များများက အလိုရှိနေသလို ဆော်ဒီမြေကည်း ချိတ်ဆက်နေပါတယ်။
စပိန်ဘာသာစကားသင်ယူနေပေမယ့် စပိန်မြေကိုပြောင်းဖို့တော့ ဆာလက်က ငြင်းဆန်ခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာ ဆာလက်က “ကျွန်တော် ဘာသာစကားအနည်းငယ်သင်ယူနေတာပါ။ နေကောင်းလားက အစပေါ့။ ဒါပေမယ့် အဲ့တာက ကျွန်တော်စပိန်မြေကိုပြောင်းမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။ လာလီဂါကလပ်တွေဖြစ်တဲ့ ရီးရဲလ် နဲ့ ဘာစီလိုနာတို့ဟာ အာနိုးလ်ကို ချိတ်ဆက်နေပြီး ဆာလက်ကိုလည်း အခြေအနေစောင့်ကြည့်နေတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဆာလက်ဟာ လီဗာပူးအသင်းအတွက် အာရုံစိုက်နေပြီး ၈ ရာသီဆက် ဂိုး ၂၀ သွင်းယူနိုင်တဲ့မှတ်တိုင်ကို စိုက်ထူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီမှာ အသင်းနဲ့အတူ အက်ဖ်အေ ၊ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် နဲ့ ကာရာဘောင်ဖလားတွေရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။