ပြီးခဲ့တဲ့ နေ့တုန်းက စပါး တို့ ဖူလ်ဟမ် နဲ့ ၁ ဂိုးစီ သရေ ကျခဲ့ ပါတယ် ။ ဟယ်ရီကိန်း က အိမ်ရှင် အသင်း အတွက် ဦးဆောင်ဂိုး သွင်းပေး ခဲ့ပေမယ့် စပါး ဟာ ဒီ ဦးဆောင်မှု ကို ထိန်းမထား နိုင်ခဲ့ သလို ပွဲကို အပြတ်ဖြတ် ဖို့ နောက်ထပ် ဂိုးတွေလည်း မသွင်း နိုင်ခဲ့ ပါဘူး ။ ဒါကြောင့် အဆုံး မှာတော့ ချေပဂိုး ပြန်ပေး ရမှု နဲ့ အတူ ၂ မှတ် နစ်နာ ဆုံးရှုံး ခဲ့ရ ပါတယ် ။ အသင်း ဟာလည်း အဆင့် ၆ ကို ကျဆင်း သွားခဲ့ရ ပါတယ် ။
ဒါ ဟာ လီဗာပူး ကို ရှုံးပြီး နောက် စပါး ရဲ့ ဒုတိယ မြောက် သရေပွဲပါ ။ စပါး ဟာ အန်ဖီးလ် မှာ လီဗာပူး ကို ရှုံးနိမ့် ခဲ့ပြီး နောက်ပိုင်း ကစားတဲ့ အမှတ်ပေး ပွဲ ၄ ပွဲ မှာ ၁ ပွဲသာ နိုင် ထားခဲ့ ပါတယ် ။ ကျန်တဲ့ ၃ ပွဲမှာ ၂ မှတ်သာ ရခဲ့ တာပါ ။
လွန်ခဲ့တဲ့ ၁ လ တုန်းက စပါး ဟာ အမှတ်ပေး ဇယားရဲ့ အဆင့် ၁ နေရာမှာ လီဗာပူး နဲ့ အမှတ်တူ ရပ်တည် နိုင်ခဲ့ ပါတယ် ။ ဒါဟာ စပါး ပရိသတ်တွေ အတွက် ပျော်ရွှင်စရာ အချိန် ပါပဲ ။ မော်ရင်ဟို ရဲ့ ဒုတိယ မြောက် ရာသီ ၊ ရောက်ရာ အသင်းတိုင်းမှာ ဖလား ပုံမှန်လေး ယူပေး နေတဲ့ နည်းပြ ၊ တိုးတက်လာတဲ့ ဆွန်-ကိန်း အတွဲ ၊ အင်္ဂလန် ရဲ့ ဒင်းနစ် ဘားကင့် ဖြစ်လာတဲ့ ဟယ်ရီကိန်း စတဲ့ မီဒီယာ တွေ ရဲ့ ချီးမြှောက်မှု အောက်မှာ စပါးတို့ စိတ်ကူး အိပ်မက်တွေ ဝေခဲ့ ရ ပါတယ် ။
ဒါပေမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့ မှာတော့ စပါး ဟာ သူတင် ကိုယ်တင် အပြိုင် ဖြစ်နေတဲ့ လီဗာပူး ကို အန်ဖီးလ် မှာ ၂ – ၁ နဲ့ ရှုံးနိမ့် ပြီး ဒုတိယ နေရာကို ဆင်းပေး ခဲ့ရ ပါတယ် ။ ဒီပွဲ မှာ စပါးတို့ အခွင့်အရေး ပိုရခဲ့ ပေမယ့်လည်း အဆုံးသတ် မှာတော့ လက်ရှိ ချန်ပီယံ ကသာ မင်းသား ဖြစ်ခဲ့ ပါတယ် ။ အဲ့ဒိ ရှုံးပွဲဟာ စပါး အသင်းသားတွေ ကို စတင် ရိုက်ခတ် တော့တာပါပဲ ။
လက်စတာ ကို အိမ်ကွင်းမှာ ၂ ဂိုး ပြတ်ရှုံးတယ် ၊ ဂိုးပြန် မသွင်း နိုင်ခဲ့ပါဘူး ။ ဝုဗ် နဲ့ ပွဲမှာ ၁ ဂိုးစီ သရေ ကျတယ် ။ လိဒ် ကို ၃ ဂိုးပြတ် နိုင်လို့ ပြန်ပျော် ခဲ့ရပေမယ့် ဖူလ်ဟမ် နဲ့ ပွဲရလဒ် က ဒီအပျော်တွေ ကို အပျက် ဖြစ်သွား စေခဲ့ ပါတယ် ။ ဇယားထိပ် ရောက်ပြီး တစ်လ အကြာ မှာတော့ စပါး တို့ နေရာမှန် ကို ပြန်ရောက် သွားခဲ့ ပါပြီ ။
အခုလည်း မန်ချက်စတာ ယူနိုက်တက် ဇယားထိပ် ကို ရောက်လာခဲ့ ပြန်ပါပြီ ။ တစ်ချိန် တုန်းကတော့ ဒီနေရာဟာ မန်ချက်စတာ ယူနိုက်တက် မောင်ပိုင် စီးထားတဲ့ နေရာလို့တောင် ပြောလို့ ရခဲ့ ပါတယ် ။ ဒါပေမယ့် ခေတ်တွေက ပြောင်းလာ ခဲ့ပါပြီ ။
ဆာအဲလက်စ် နားသွားပြီး ကတည်းက မန်ချက်စတာ ယူနိုက်တက် အမှတ်ပေး ဖလား မရတော့တာ 7 နှစ်တောင် ရှိခဲ့ တာပါ ။ ဒီရာသီ မှာတော့ ပွဲစဉ် 17 အပြီးမှာ သူတို့ အဆင့် ၁ နေရာကို ပြန်ရောက် လာခဲ့ ပါတယ် ။ ဒါဟာ ယာယီ လား ၊ အတု အယောင်လား အစစ်အမှန် လား ဆိုတာ ကတော့ ပြောဖို့ စောလွန်း နေသေးပါတယ်
ဒါပေမယ့် အသံတွေကတော့ ထွက်နေပါပြီ ။ ယူနိုက်တက် တို့ ဆိုးရှား လက်အောက်မှာ ဆာအဲလက်စ် ခေတ် ကို ပြန်သွားတော့မယ် ဆိုတာတွေ ကိုလည်း လွန်ခဲ့တဲ့ တစ်လလောက် တုန်းက စပါး ပရိသတ်တွေ ဆီက ကြားခဲ့ ရသလို ကြားနေရ ပြန်ပါပြီ ။ တကယ် ဟုတ်မဟုတ် ကတော့ ရာသီကုန် မှ သိရ မှာပါ ။
လောလောဆယ် မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာလည်း တော့တင်ဟမ် ဟော့စပါး နဲ့ တူညီတဲ့ စမ်းချက်မှု ကို ရင်ဆိုင် ရတော့ ပါမယ် ။ လာမယ့် တနင်္ဂနွေမှာ သူတို့ ဟာ အန်ဖီးလ် ကွင်းမှာ လက်ရှိ ချန်ပီယံ နဲ့ ရင်ဆိုင် ကစား ရမှာပါ ။ ဒီပွဲကို နိုင်ရင် သူတို့ ရာသီဝက် ချန်ပီယံ ဖြစ်ပါပြီ ။ ဒီပွဲကို ရှုံးခဲ့ရင်တော့ . . . .
လီဗာပူး ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ၃ မှတ် အကွာမှာ ရှိနေ ပါတယ် ။ ဂိုးကွာခြားချက် အရ ယာဂင် ကလော့ ရဲ့ အသင်းဟာ ခါးသီးတဲ့ ပြိုင်ဘက် ကို အနိုင် ကစား နိုင်ခဲ့မယ် ဆိုရင် အဆင့် ၁ နေရာကို ပြန်လည် သိမ်းပိုက် နိုင်မှာပါ ။ ဒီရာသီ မှာ အဓိက ခံစစ်မှူး ဗန်ဒိုက် အပါအဝင် စီနီယာ အသင်းသား အများအပြား ကို ဒဏ်ရာကြောင့် လီဗာပူးတို့ ဆုံးရှုံး ခဲ့ရ ပါတယ် ။ ဒါပေမယ့် သူတို့ ဟာ စစ်မှန်တဲ့ ချန်ပီယံတွေ ဖြစ်ကြောင်းကို ရှိသင့် ရှိထိုက်တဲ့ နေရာမှာ တည်တည်ငြိမ်ငြိမ် နဲ့ ရပ်တည်ပြ ခဲ့ ပါတယ် ။
စပါး ၊ အဲဗာတန် တို့ ဇယားထိပ် ကို ရောက်ခဲ့ ကြပေမယ့် အကြာကြီး မခံခဲ့ ပါဘူး ။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့မှာ လီဗာပူးလို တည်ငြိမ်တဲ့ ချန်ပီယံ ခြေစွမ်း ၊ ချန်ပီယံ စိတ်ဓါတ်တွေ မရှိနေ သေးလို့ ပါပဲ ။ တနည်းပြောရရင်တော့ သူတို့တွေ ချန်ပီယံ ဖြစ်ဖို့ အဆင်သင့် မဖြစ်သေးလို့ပါ ။
အခု ဒီစာမေးပွဲ ကို ဖြေဖို့ မန်ချက်စတာ ယူနိုက်တက်တို့ အလှည့်ကျ လာခဲ့ပါပြီ ။ သူတို့ အဖြေ ဘယ်လို ထွက်မလဲ . . . .