ချယ်လ်ဆီးအသင်း၏ နည်းပြ ဖြစ်သူ သောမတ်စ်တူဟယ်လ်က စပါးအသင်း၏ နိုင်ပွဲကြောင့် ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့အပြီးတွင် မိမိတို့အသင်း အလွန်ကံကောင်းခဲ့သည်ဟု ဝန်ခံပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ရာသီပိတ်ပွဲစဉ်တွင် အက်စတွန်ဗီလာအသင်းကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း တစ်မှတ်ပိုနည်းနေသည့် လက်စတာအသင်းကလည်း စပါးအသင်းကို အိမ်ကွင်းတွင် (၂-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် အဆင့် (၄)နေရာတွင် ရပ်တည်ကာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိခဲ့ခြင်းဖြစ်သည်။
သောမတ်စ်တူဟယ်လ်က “စပါးအသင်းက ကျွန်တော်တို့အသင်းအတွက် အလုပ်လုပ်ပေးသွားခဲ့တဲ့အတွက် ကျွန်တော်တို့ အရမ်းကံကောင်းသွားခဲ့ပြီး ကျွန်တော်တို့အသင်းရဲ့ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က မဖြစ်နိုင်ဘူးလို့ ယူ ဆခံရတဲ့အခြေအနေကနေ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိခဲ့တာဖြစ်ပြီး၊ အခု ဒီပွဲမှာ ရှုံးခဲ့တာတောင် အဆင့် (၄)နေရာမှာ ရပ်တည်ဖို့အတွက် မျှော်လင့်ချက်ရှိနေသေးတဲ့ နေရာကိုရောက်အောင်လာနိုင်ခဲ့လို့ ချန်ပီယံလိဂ်ဝင် ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော့် အသင်းက ပထမဆုံးဖလားရဖူးဖို့အတွက် တိုက်ပွဲဝင်ရမယ့် သူတွေအများ ကြီး ရှိနေတဲ့အသင်းပါ။ အခမ်းနားဆုံးပွဲကြီးကို ပထမဆုံးအကြိမ် ကစားဖူးတဲ့ ကစားသမားတွေရှိပြီး၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း အစွမ်းကုန် ကြိုးစားပါလိမ့်မယ်” ဟုဆိုခဲ့သည်။