spot_img

စပါးအသင်းကို အနိုင်ရခဲ့သည့်ပွဲတွင် ရရှိခဲ့သည့် ချာကာ၏ ဒူးဒဏ်ရာမှာ ပြင်းထန်ပြီး (၃)လခန့် အနားယူရမည်ဟု အာဆင်နယ်အသင်း ထုတ်ပြန်

စပါးအသင်းကို အနိုင်ရခဲ့သည့် မြောက်လန်ဒန်ဒါဘီတွင် ရရှိခဲ့သည့် ချာကာ၏ ဒူးဒဏ်ရာမှာ ပြင်းထန်ပြီး (၃)လခန့် အနားယူရမည်ဖြစ်ကြောင်း အာဆင်နယ်အသင်းက စက်တင်ဘာ (၂၉)ရက်တွင် ထုတ်ပြန်ခဲ့သည်။

အသက် (၂၉)နှစ်အရွယ်ရှိ ဆွစ်ဇာလန်ကွင်းလယ်လူ ချာကာသည် စက်တင်ဘာ (၂၆)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အာဆင်နယ် (၃-၁) စပါးပွဲတွင် စပါးကွင်းလယ်လူ လူးကပ်စ်မော်ရာနှင့် ထိခိုက်မိကာ ညာဘက်ဒူးတွင် ဒဏ်ရာရရှိခဲ့သည်။

myan789

အာဆင်နယ်အသင်းသည် ချာကာ၏ ဒဏ်ရာကို Scan ဖတ်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဒဏ်ရာမှာ ထင်မှတ်ထားသည်ထက်ပြင်းထန်ပြီး (၃)လခန့် အနားယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်း၏ထုတ်ပြန်ချက်တွင် ”တနင်္ဂနွေနေ့က စပါးအသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ဒဏ်ရာရခဲ့သည့် ချာကာ၏ ညာဘက်ဒူးဒဏ်ရာကို Scan ဖတ်စစ်ဆေးခဲ့ရာ ဒူးအရွတ် ဆိုးရွားစွာထိခိုက်ခဲ့ကြောင်း၊ ယင်းဒဏ်ရာနှင့်ပတ်သက်ပြီး အင်္ဂါနေ့တွင် အထူးကုများနှင့်တိုင်ပင်ခဲ့ရာ ချာကာ၏ဒဏ်ရာမှာ ခွဲစိတ်ကုသရန် မလိုအပ်ကြောင်း၊ ချာကာအနေဖြင့် ပြန်လည်ထူထောင်ရေးအတွက် ပြုလုပ်နေပြီး (၃)လခန့် အနားယူရမည်ဖြစ်ကြောင်း” ဖော်ပြပါရှိသည်။

ချာကာသည် သြဂုတ် (၂၈)ရက်က မန်စီးတီးအသင်းကို (၀-၅)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် အနီကတ်ပြခံရပြီးနောက် စပါးအသင်းနှင့်ပွဲတွင် ပြန်လည်ပါဝင်ကစားခဲ့ရာ ယခုကဲ့သို့ ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular