spot_img

စပါးပွဲအနိုင်ရလဒ်သည် လီဗာပူးလ်နှင့်ပွဲမှ အရှက်ရစရာဖြစ်ရပ်ကို ချေဖျက်နိုင်မည်မဟုတ်ဟု ဆိုးလ်ရှား ဝန်ခံ

စပါးနှင့်ပွဲအနိုင်ရလဒ်ကြောင့် ဖိအားအနည်းငယ်သက်သာသွားပြီဖြစ်သည့် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကမူ ယခုပွဲရလဒ်ကြောင့် လီဗာပူးလ်နှင့်ပွဲမှ အရှက်ရစရာဖြစ်ရပ်ကို ချေဖျက်နိုင်မည်မဟုတ်ကြောင်း ဝန်ခံပြောကြားသည်။

”အဲဒီအကြောင်းက သမိုင်းစာအုပ်ထဲမှာ အမြဲတမ်းပါသွားတော့မှာပါ။ ဒါက အမှောင်မိုက်ဆုံးနေ့တွေထဲက တစ်ရက်ပါ။ ကျွန်တော်တို့ရဲ့ကိုယ်ရေးမှတ်တမ်းမှာ အမည်းစက်တစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ခက်ခဲတဲ့ရက်သတ္တပတ်တစ်ပတ်ကို ထပ်ပြီးကစားခဲ့ရတာပါ။ ချန်ပီယံလိဂ်ပွဲပြီးသွားရင် စီးတီးနဲ့ ကစားရပါဦးမယ်။ ဒီတစ်ခုကို ချေဖျက်ပြီးသွားပြီဖြစ်လို့ အင်္ဂါနေ့ကစားမယ့် အတ္တလန္တာနဲ့ပွဲအတွက် အသင့်ဖြစ်နေဖို့ ပြင်ဆင်ရမှာပါ။ ဒီတစ်ပတ်အတွက် စွမ်းဆောင်ရည်နဲ့ လုပ်အားနှုန်းကတော့

myan789

အရမ်းကောင်းပါတယ်”ဟု ဆိုးလ်ရှားက ပွဲအပြီးတွင် ပြောကြားသည်။

စပါး(၀-၃)မန်ယူပွဲတွင် မန်ယူအသင်းအတွက် စီရော်နယ်လ်ဒို ခြေစွမ်းပြကစားခဲ့ ပြီး ၃၉ မိနစ်တွင် ဘရူနိုဖာနန်ဒက်စ်၏ ပေးပို့မှုမှတစ်ဆင့် အဖွင့်ဂိုးကို လှလှပပသွင်းယူပေးခဲ့သလို ၆၄ မိနစ်တွင် ကာဗာနီသွင်းယူသည့်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။

မန်ယူအသင်းအတွက် တတိယဂိုးကို လူစားဝင်ကစားသမား ရပ်ရှ်ဖို့ဒ် က ၈၆ မိနစ်တွင် ထပ်မံသွင်းယူပေးခဲ့သည်။

ယင်းပွဲမတိုင်မီ နှစ်သင်းစလုံး ရလဒ်ဆိုးများကြောင့် ရုန်းကန်နေရသဖြင့် နည်းပြနှစ်ဦးစလုံး ဖိအားများရင်ဆိုင်နေရသော်လည်း အဝေးကွင်းဂိုးပြတ်အနိုင်ရခဲ့သည့် ဆိုးလ်ရှားမှာ ဖိအားအနည်းငယ်လျော့ကျသွားပြီဖြစ်သည်။

ထို့ပြင် ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရနိုင်သည့် နည်းပြစာရင်းတွင် ထိပ်ဆုံးနေရာရပ်တည်နေသည့် ဆိုးလ်ရှားကိုကျော်၍ နူနိုက ရေပန်းအစားဆုံးဖြစ်လာကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular