တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ ကွင်းလယ် ကစား သမားဟောင်း တဦး ဖြစ်သူ ဂျာမိန်း ဂျီးနပ်စ် က အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ရာဟီးမ် စတာလင်းကို ယူနိုက်တက် ဂန္တဝင် ဒေးဗစ် ဘက်ခမ်း နဲ့ ခိုင်းနှိုင်း သွားခဲ့လိုက် ပါတယ် ။
ရာဟီးမ် စတာလင်းဆိုတာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်စီးတီး အသင်းမှာ ဆိုးရွားတဲ့ ဘောလုံး ရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့အတွက် အင်္ဂလန် လက်ရွေးစင် အသင်းမှာ ပွဲထွက်ခွင့်တွေ ပေးနေမှု အပေါ် ဝေဖန်သူတွေ အရမ်းကို များပြားခဲ့ကြ ပါတယ် ။
ဒါပေမဲ့ သူဟာ ပြိုင်ပွဲအတွင်း 3 ဂိုး အထိ သွင်းယူပြရင်း ဝေဖန်မှု တွေဟာ မှားယွင်းနေကြောင်း ၊ ပွဲထွက်ခွင့် တွေနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း သက်သေ ပြသွားနိုင်ခဲ့ပါတယ် ။ လက်ရှိ အချိန်ထိ အင်္ဂလန် အတွက် စတာလင်း 3 ဂိုး နဲ့ ဟယ်ရီကိန်း 1 ဂိုးတို့သာ ဂိုးသွင်းယူ ထားနိုင်ခဲ့ကြပါသေးတယ် ။
ဒါ့အပြင် ချက်နဲ့ ပွဲစဥ် တုန်းက သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ စတာလင်းရဲ့ ကစားသမား ဘဝတစ်လျှောက် ဝင်ဘလေ ကွင်းမှာ သွင်းယူတဲ့ ပထမဆုံး အမှတ်တရ သွင်းဂိုးလည်း ဖြစ်သွားခဲ့ရပါ သေးတယ် ။ ဒါ့ကြောင့် လက်ရှိ အချိန်မှာ စတာလင်းဟာ အင်္ဂလန် အတွက်တော့ ဟီးရိုး တစ်ဦးပဲ ဖြစ်ပါတယ် ။
အခုတော့ တော့တင်ဟမ် ဟော့ စပါး အသင်းရဲ့ ကွင်းလယ်လူဟောင်း ဖြစ်သူ ဂျာမိန်း ဂျီးနပ်စ် က စတာလင်းဟာ ပြိုင်ဖက်ဟောင်း မန်ချက်းတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူဟောင်းဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းနဲ့ တူညီတဲ့ ဖိအားမျိုးကို ခံစားနေရကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။
” အင်္ဂလန် ကစားသမားတွေ အတွက် ဒီပြိုင်ပွဲမှာ နိုင်ငံ့ အသင်းအတွက် ကစားပေးရတာက ဘယ်လောက်အထိ ဖိအားတွေ ကြုံတွေ့ နေရသလဲ ဆိုတာနဲ့ ပတ်သက်လို့ လူတွေဟာ လျှော့တွက် နေကြတယ်လို့ ကျွန်တော် ထင်မိ ပါတယ် ။ သူတို့တွေ ဆီမှာ ဖိအားထု အရမ်းကြီး ပါတယ် ”
” 2006 ခုနှစ် တုန်းက ဒီလိုဖိအားတွေ ဒေးဗစ် ဘက်ခမ်းဆီမှာ ရှိနေခဲ့တာကို ကျွန်တော် မှတ်မိ နေပါသေးတယ် ။ အဲ့ဒီ တုန်းက ဘက်ခမ်းဟာ အသင်းရဲ့ တာဝန် အားလုံး သူ့ အပေါ်မှာပဲ ကျရောက် နေတယ် ဆိုတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်ခဲ့ဖူး ပါတယ် ”
” တခါတလေ နိမ့်ကျနေခဲ့ရတဲ့ ကစားသမား ဘဝမျိုးက ကစားသမား တစ်ဦး အတွက်သာမက လူသား တစ်ဦးရဲ့ ဘဝမှာပါ အရမ်းကို အရေးကြီး ပါတယ် ။ အဲ့ဒီလို အနေ အထား တွေကပဲ ကစားသမားရဲ့ ဘဝကို လုံးဝ ပြောင်းလဲ ပေးသွားတာပါ ။ ဖိအားဒဏ် ခံနိုင်သူက စတား ဖြစ်သွားပြီး မကျော်နိုင်သူက ဘဝခါးသွားတာချည်း ပါပဲ ”
” ရာဟီးမ် ကြုံနေတာလဲ အတူတူပါပဲ ။ သူဟာ မန်စီးတီးမှာ ခက်ခဲတဲ့ ဘောလုံး ရာသီ ပိုင်ဆိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့ သူ့ဆီမှာ ပြိုင်ပွဲကြီးတွေထဲ ဝင်ရောက် ကစားပေးနိုင်မယ့် အစွမ်းအစမျိုး ရှိနေသေးဆဲ ပါပဲ ။ လူတွေက သူပွဲထွက် မကစားသင့်ဘူးလို့ ပြောနေကြချိန် မှားယွင်းကြောင်း သူဟာ ခြေစွမ်းနဲ့ သက်သေပြနေခဲ့ ပါတယ် ” လို့ ဂျီးနပ်စ် က ဥပမာပေး ရှင်းပြ သွားခဲ့လိုက် ပါတယ် ။