spot_img

စတာလင်ကို ခေါ်ယူရန် ချယ်လ်ဆီးအသင်း သဘောတူညီမှုမရရှိမီ အသင်းဟောင်း လီဗာပူးလ်က ခေါ်ယူရန် ကြိုးပမ်းခဲ့ကြောင်း Mirror ဖော်ပြ

လီဗာပူးလ်အသင်းသည် မန်စီးတီးအသင်းမှ အင်္ဂလန်တောင်ပံကစားသမား စတာလင်ကို ချယ်လ်ဆီးအသင်း သဘောတူညီမှုမရရှိမီ ခေါ်ယူရန် ကြိုးပမ်းခဲ့ကြောင်း Mirror က ဖော်ပြခဲ့သည်။

စတာလင်(၂၇ နှစ်)သည် အပြောင်းအရွှေ့သတင်းများ အဆက်မပြတ်ထွက်ပေါ်နေခဲ့သူဖြစ်ပြီး အသင်းများစွာနှင့်လည်း သတင်းထွက်ခဲ့သည်။

myan789

သို့သော် ပြီးခဲ့သည့်စနေနေ့တွင် ချယ်လ်ဆီးအသင်းနှင့် သဘောတူညီမှုရရှိခဲ့ပြီး ပြောင်းရွှေ့ကြေးမှာ ပေါင်(၄၇.၅)သန်းဖြစ်ကြောင်း၊ (၅) နှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်မည့် သဘောတူညီချက်လည်း ပါဝင်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

စတာလင်သည် ၂၀၁၅ ခုနှစ်က လီဗာပူးလ်အသင်းမှ မန်စီးတီးအသင်းထံသို့ ပေါင်(၄၉)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပိုမိုထင်ရှားကျော်ကြားသည့် ကစားသမားဖြစ်လာခဲ့သလို၊ ဆုဖလားအောင်ပွဲများစွာလည်း ရယူနိုုင်ခဲ့သည်။

သို့သော် ဂွါဒီယိုလာ၏ အနာဂတ်အစီအစဉ်သစ်များတွင် အခွင့်အရေး နည်းပါးလာဖွယ်ရှိသည့်အတွက် အသင်းပြောင်းရွှေ့ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ခေါ်ယူရန် စိတ်ဝင်စားသော အသင်းများစွာရှိသည့်အနက် ချယ်လ်ဆီးအသင်းနှင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းသည် စတာလင်နှင့် သတင်းထွက်ခဲ့သည့်အသင်းများထဲတွင် ပါဝင်ခြင်းမရှိခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ၎င်းတို့ ခေါ်ယူမည်ဆိုပါက ရောင်းချလိုခြင်းရှိ၊ မရှိ မန်စီးတီးအသင်းထံ ဆက်သွယ်စုံစမ်းခဲ့ကြောင်း Mirror က ဖော်ပြခဲ့သည်။

မန်စီးတီးအသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ဘက်များထံ ကစားသမားကောင်းများကို ပြန်လည်ရောင်းထုတ်ခဲ့သော်လည်း အဓိကပြိုင်ဘက်ဖြစ်သည့် လီဗာပူးလ်အသင်းကိုမူ ငြင်းပယ်ခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း သုံးသပ်နေကြသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular