အက်စတွန်ဗီလာအသင်းနည်းပြ ဂျရတ်သည် စည်းကမ်းလိုက်နာရန် ပျက်ကွက်သည့် ကစားသမားများကို ပြင်းထန်သည့်ဒဏ်ကြေးများ ချမှတ်လေ့ရှိပြီး ယခုအခါ ၎င်း၏ဒဏ်ကြေးစာရွက်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့နေကြောင်း သိရသည်။
လီဗာပူးလ်ဂန္ထဝင်ကွင်းလယ်လူဟောင်း ဂျရတ်သည် အက်စတွန်ဗီလာအသင်းကို ပြီးခဲ့သည့် ၂၀၂၁ နို ဝင်ဘာလတွင် စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၂၁-၂၂ ရာသီကုန်တွင် အက်စတွန်ဗီလာအသင်းမှာ ပရီးမီးယားလိဂ်တွင် အဆင့် (၁၄) နေရာသာ ရရှိခဲ့သည်။
ဂျရတ်သည် လာမည့်ရာသီသစ်တွင် အက်စတွန်ဗီလာအသင်းကို ပရီးမီးယားလိဂ်တွင် အဆင့် (၁၀)အတွင်း ဝင်ရောက်အောင် စွမ်းဆောင်ပေးနိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။
ထို့ကြောင့် ဂျရတ်သည် အသင်းကစားမားများကို စည်းကမ်းတင်းကျပ်စွာ ကိုင်တွယ်နေပြီး စည်းကမ်းလိုက်နာခြင်းမရှိသည့် ကစားသမားများအတွက် ထုတ်ပြန်ထားသည့် ဒဏ်ကြေးစာရွက် လူမှုကွန်ရက်၌ ပေါက်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါဒဏ်ကြေးစာရွက်တွင် ဂျရတ်သည် လေ့ကျင့်ရေးကွင်းသို့ နောက်ကျသည့် ကစားသမားများကို (၁) မိနစ်လျှင် ပေါင် (၂၀၀) ဒဏ်ကြေး သတ်မှတ်ထားသလို၊ ပွဲရှိသည့်နေ့တွင် နောက်ကျပါက ပေါင် (၁၀၀၀) ဒဏ်ကြေး သတ်မှတ်ထားကြောင်း သိရသည်။
ထို့ပြင် တဘက်ခေါက်ရန် ပျက်ကွက်မှု၊ လေ့ကျင့်ရေးကွင်း၌ ထားသည့်နေရာတွင် ကားမရပ်နားမှုတို့ကိုလည်း ဒဏ်ကြေးသတ်မှတ်ထားကြောင်း သိရသည်။