spot_img

စကော့တလန်နဲ့ပွဲမှာလည်း ရော်နယ်ဒို ဆက်လက်ပါဝင်ကစားသွားမယ်လို့ အတည်ပြုလာတဲ့ မာတီနက်ဇ်

ပေါ်တူဂီလက်ရွေးစင်နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က အသင်းရဲ့စူပါစတား တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ လာမယ့်အင်္ဂါနေ့ စကော့တလန်နဲ့ယှဉ်ပြိုင်သွားရမယ့် နေးရှင်းလိဂ်ပွဲစဉ်မှာ သေချာပေါက်ပါဝင်ကစားသွားမှာဖြစ်ကြောင်းနဲ့ အသက်-၃၉ နှစ်အရွယ်ကစားသမားဟာ အသက်အရွယ်နဲ့မလိုက်အောင် စွမ်းဆောင်နိုင်ဆဲဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲတဲ့စနေနေ့က ပိုလန်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း ပေါ်တူဂီအတွက် ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့ပြီး ဒုတိယပိုင်းမှာ အသင်းအတွက် ဂိုးသွင်းယူပြီးနောက် လူစားလဲခဲ့ပါတယ်။ ဒါကြောင့် ကစားသမားအနေနဲ့ လာမယ့်စကော့တလန်နဲ့ပွဲစဉ်မှာ ပါဝင်ခြင်းမရှိဘဲ အနားယူသွားနိုင်တယ်လို့ ယူဆခဲ့ကြပေမယ့် မာတီနက်ဇ်ကတော့ ဆက်လက်ပါဝင်ဦးမယ့်အကြောင်း အတည်ပြုလာခဲ့တာဖြစ်ပါတယ်။

myan789

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မာတီနက်ဇ်က “ရော်နယ်ဒိုက အသက်-၃၉ နှစ်အရွယ် ကစားသမားတစ်ယောက်လို စွမ်းဆောင်နေတာမဟုတ်ပါဘူး။ လုံးဝကို ၃၉ နှစ်လို့မထင်ရတာပါ။ ကျွန်တော်တို့အနေနဲ့လည်း ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေကို အကဲဖြတ်နေပါတယ်။ ရော်နယ်ဒိုက လေ့ကျင့်ရေးကွင်းမှာ ကောင်းကောင်းကြီးစွမ်းဆောင်ပြနေဆဲပါ။ အခုလို ပွဲစဉ်တွေကို အိမ်ကွင်းအဝေးကွင်း တလှည့်စီကစားနေရတာ ကစားသမားတွေရဲ့ ကြံခိုင်မှုကို ထိခိုက်စေတာတာ့မှန်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုအနေနဲ့ လာမယ့် စကော့တလန်နဲ့ပွဲမှာလည်း မိနစ် ၆၀ လောက်တော့ပါဝင်ကစားသွားနိုင်မှာပါ။ ပွဲထွက်ကစားသမားအဖြစ်ပါဝင်လား၊ ဒါမှမဟုတ် ပွဲပြီးတဲ့အထိ ကစားနိုင်မလားကျွန်တော်မသိပါဘူး။ ဒါပေမယ့် လက်ရှိသူ့ရဲ့ လေကျင့်ရေးအခြေအနေအရ ပါဝင်ကစားသွားနိုင်ဖို့ကတော့ သေချာပါတယ်” လို့ပြောကြားခဲ့ပါတယ်။

Portugal coach Roberto Martinez praising Roberto the 39-year-old's ability to perform beyond his years.

ရော်နယ်ဒိုဟာ လက်ရှိနေရှင်းလိဂ်ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ၃ ပွဲဆက်တိုက်ဂိုးသွင်းယူထားနိုင်ပြီး အုပ်စုအတွင်း ရမှတ် ၉ မှတ်နဲ့ ထိပ်ဆုံးကနေ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။ လက်ရှိအချိန်မှာတော့ စံချိန်များရှင်ကစားသမားဟာ နိုင်ငံတကာသွင်းဂိုး ၁၃၃ ဂိုးအထိ သွင်းယူထားနိုင်ပြီးဖြစ်ပါတယ်။

လာမယ့်စကော့တလန်နဲ့ပွဲစဉ်မှာတော့ အယ်လ်နာဆာစူပါစတားအနေနဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာမလား လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်သွားမလား တိတိကျကျမသိရှိရသေးပေမယ့် ဂိုးတွေထပ်မံသွင်းယူသွားဦးမလားဆိုကတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular