spot_img

ဂွါဒီယိုလာ နဲ့ ဇာဗီတို့ခြေရာကို လိုက်နင်းမှာမဟုတ်ကြောင်း မက်ဆီအတည်ပြု

ဘာစီလိုနာဂန္ထဝင်ဟောင်း လီယွန်နယ်မက်ဆီက သူ့အနေနဲ့ ဂွါဒီယိုလာ ၊ ဇာဗီ နဲ့ ကိုးလ်မန်းတို့ခြေရာကို လိုက်နင်းမှာမဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။

မကြာသေးခင်တုန်းက အင်နီယေစတာက သူတို့ခြေရာကို လိုက်နင်းမယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ရိုမာနိုနဲ့အင်တာဗျူးမှာ မက်ဆီက ဘောလုံးသမားဘဝကနေ အနားယူပြီးရင် လုပ်ဆောင်မယ့် အကြောင်းအရာတွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

myan789

အသက် ၃၇ နှစ်သားက အဆိုပါအင်တာဗျူးမှာ အနားယူပြီး ဂွါဒီယိုလာ ၊ ဇာဗီတို့လမ်းစဉ်ကို လိုက်နင်းမှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

“ကျွန်တော် အနားယူချိန်မှာ နည်းပြလုပ်ဖို့ အစီအစဉ်မရှိပါဘူး။ ဒါက ကျွန်တော်လုပ်ဖို့ စဉ်းစားနေတဲ့အရာလည်းမဟုတ်ပါဘူး”လို့ မက်ဆီက ဖြေကြားခဲ့ပါတယ်။

မက်ဆီဟာ အနားယူချိန်မှာ ဘောလုံးလောကနဲ့ပတ်သက်နိုင်ချေတော့ရှိနေပြီး ဘာစီလိုနာမှာ ရာထူးတစ်ခုခုယူဖွယ်ရှိနေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular