spot_img

ဂွါဒီယိုလာနှင့် မန်စီးတီးအသင်း သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးနေပြီး ယာဂန်ကလော့ပ် သက်တမ်းတိုးခဲ့ခြင်းကြောင့် မဟုတ်ဟု ဂွါဒီယိုလာ တုံ့ပြန်

မန်စီးတီးအသင်းသည် နည်းပြ ဂွါဒီယိုလာနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးနေပြီး ယင်းအတွက် မေးမြန်းမှုကို ယာဂန်ကလော့ပ်နှင့် လီဗာပူးလ်အသင်းတို့ သက်တမ်းတိုးခဲ့ခြင်းကြောင့်မဟုတ်ဟု ဂွါဒီယိုလာက တုံ့ပြန်ခဲ့သည်။

လီဗာပူးလ်အသင်းသည် ၂၀၂၄ ခုနှစ်၌ စာချုပ်သက်တမ်းကုန်ဆုံးမည့် ယာဂန်ကလော့ပ်ကို ပြီးခဲ့သည့် ကြာသပတေးနေ့က ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သည်။ ယင်းနောက် ရက်ပိုင်းအတွင်းမှာပင် မန်စီးတီးနှင့် ဂွါဒီယိုလာတို့ စာချုပ်သစ်အတွက် ဆွေးနွေးနေပြီဟု သတင်းထွက်လာခြင်းဖြစ်ပြီး မီဒီယာအချို့က မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဟုပင် ဖော်ပြခဲ့သည်။

myan789

ဂွါဒီယိုလာနှင့် မန်စီးတီးအသင်း၏ လက်ရှိစာချုပ်မှာ ၂၀၂၃ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးဖွယ်ရှိ ကြောင်းသိရသည်။ ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့ပြီးပါက ဆက်လက်တွဲဖွယ်မရှိတော့ဟု လေ့လာသူအချို့က ထင်မြင်ချက်ပေးခဲ့ကြသော်လည်း လက်ရှိအချိန်တွင်မူ ဂွါဒီယိုလာ နှင့် မန်စီးတီးတာဝန်ရှိသူများ၏ ရည်မှန်းချက်မှာ ယင်းထက်မြင့်မားကြောင်း၊ ဂွါဒီယိုလာသည် မန်စီးတီးအသင်းတွင် အလုပ်ပြီးမြောက်ခြင်းမရှိသေးဟု ယူဆသည့်အတွက် သက်တမ်းတိုး၍ ဆက်လက်လက်တွဲသွား ဖွယ်ရှိကြောင်း သုံးသပ်နေကြသည်။

ယာဂန်ကလော့ပ်ကြောင့် မန်စီးတီးနှင့် သက်တမ်းတိုးရန် ဆွေးနွေးခြင်းဖြစ်သလားဟု မေးမြန်းမှုကို ဂွါဒီယိုလာက “ဒီအကြောင်း ကျွန်တော် မသိပါဘူး။ လိဒ်စ်နဲ့ပွဲကိုပဲ အာရုံစိုက်နေတာပါ။ ယာဂန်ကလော့ပ် နဲ့ လီဗာပူးလ်အသင်းအတွက် ဂုဏ်ယူပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်အတွက်ရော အနာဂတ်အတွက်ပါ ကောင်းတယ်လို့ ထင်ပါတယ်။ ဒါက ဘာကြောင့် ကျွန်တော့်အပေါ် သက်ရောက်မှုရှိရမှာလဲ။ ကျွန်တော်တို့ ဆက်ပြီးလက်တွဲဖို့ ဆုံးဖြတ်ခဲ့ရင်လည်း ဒါကြောင့် မဟုတ်ပါဘူး။ ဒီလို ဆက်နွယ်နေတယ်လို့လည်း မထင်ပါဘူး” ဟု ပြောကြားခဲ့သည်။

ဂွါဒီယိုလာနှင့် ယာဂန်ကလော့ပ်တို့သည် လက်ရှိအချိန်တွင် ဘောလုံးလောက၏ အကောင်းဆုံးပြိုင်ဘက်နှစ်ဦးအဖြစ် ရပ်တည်နေပြီး မန်စီးတီးနှင့် လီဗာပူးလ်အသင်းတို့မှာလည်း ပရီးမီးယားလိဂ်တွင်သာမက ဥရောပ၏ အကောင်းဆုံးပြိုင်ဘက်နှစ်သင်း ဖြစ်နေသည်။ ထို့ကြောင့် ၎င်းင်းတို့နှစ်ဦး၏ ပြိုင်ဆိုင်မှုကို အနည်းဆုံးနောက်ထပ်(၃)ရာသီ မြင်တွေ့ရဖွယ်ရှိလာခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular