spot_img

ဂျေဒွန်ဆန်ချို အစား မန်ယူနိုက်တက်တို့ ခေါ်ယူသင့်တဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့်ကို ထုတ်ဖော်လိုက်တဲ့ ကယ်ဗင်ဖီးလစ်

ကယ်ဗင်ဖီးလစ်က ပရီးမီးယားလိဂ် ထိပ်တန်း အသင်းကြီးတွေ ဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက် နဲ့ မန်ချက်စတာစီးတီး အသင်းတွေ အနေနဲ့ ဘိုရပ်ရှားဒေ့ါမွန် စတား ဂျေဒွန်ဆန်ချို ထက်စာရင် အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂရီလစ်ခ်ျ ကိုသာ ခေါ်ယူဖို့ ကြိုးစား သင့်တယ်လို့ တိုက်တွန်း လိုက်ပါတယ်။

ဂရီလစ်ခ်ျဟာ လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး အဖြစ် အက်စတွန်ဗီလာ အသင်းမှာ သက်သေပြလျက် ရှိနေပြီး အင်္ဂလန် လက်ရွေးစင် အသင်း မှာလည်း ခြေစွမ်းပြကာ နည်းပြ ဂါရက်ဆောက်ဂိတ်ရဲ့ ယုံကြည်မှုကို ရယူ ထားခဲ့ ပါတယ်။ ဂရီလစ်ခ်ျဟာ ပြီးခဲ့တဲ့ နွေရာသီက အက်စတွန်ဗီလာ နဲ့ ၅ နှစ် စာချုပ်သစ် ချုပ်ဆို သွားခဲ့ ပေမယ့်လည်း လူတော်တော်များများ ကတော့ အင်္ဂလန် ကွင်းလယ် ဖန်တီးရှင်ဟာ လာမည့် အပြောင်းအရွေ့ စျေးကွက် ကာလ တစ်ခုခုမှာ ဗီလာပက် ကနေ ထွက်ခွာ သွားလိမ့်မယ်လို့ ယူဆ ထားကြ ပါတယ်။

myan789

လက်ရှိမှာတော့ ဂရီလစ်ခ်ျကို ကမ္ဘာ့ထိပ်တန်း ကလပ် တော်တော်များများ က စိတ်၀င်စား နေကြပြီး အက်စတွန်ဗီလာ အသင်းထံမှ ၎င်းကို ခေါ်ယူ နိုင်ဖို့ အတွက် ဆိုရင် ဗြိတိန် စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် သန်း ၁၀၀ ပတ်၀န်းကျင် အသုံးပြု ရနိုင်တယ်လို့ သတင်း ဋ္ဌာန တစ်ချို့က ဖော်ပြ နေကြ ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်း ခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားဟာ လက်ရှိမှာ ဗြိတိန် ဘောလုံး သမိုင်း တစ်လျှောက် တန်ဖိုး အကြီးဆုံး ကစားသမား အဖြစ် ပေါင်သန်း ၈၀ နဲ့ စံချိန်တင် ထားခဲ့ ပေမယ့် ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှုးဟောင်း ဖြစ်သူ ဖီးလစ် ကတော့ ဂရီလစ်ခ်ျဟာ ပေါင်သန်း ၁၀၀ လောက် တန်လိမ့်မယ်လို့ ခန့်မှန်း သွားပါတယ်။

မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီက ဘိုရပ်ရှားဒေ့ါမွန်ရဲ့ ဆန်ချိုကို ခေါ်ယူနိုင်ရန် အပြင်းအထန် ကြိုးစား ခဲ့ပေမယ့်လည်း ဂျာမန် ကလပ်ဘက်က တောင်းဆို ခဲ့တဲ့ ပေါင်သန်း ၁၀၀ ဆိုတဲ့ ပမာဏကို ကပ်ရောဂါ ကာလ အတွင်း ပေးချေလိုခြင်း မရှိတာကြောင့် အပြောင်းအရွေ့ မဖြစ်ပေါ် ခဲ့တာ ဖြစ်ပေမယ့် ဆန်ချိုနဲ့ သတင်းတွေ ကတော့ ပျောက်ကွယ် သွားခြင်း မရှိခဲ့ပါဘူး။

ဖီးလစ်က မန်ချက်စတာယူနိုက်တက် နဲ့ မန်စီးတီး တို့ အနေနဲ့ ဂရီလစ်ခ်ျကို ဗြိတိန် စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူ လိုက်တာဟာ ကလပ် အတွက် ပိုမို အကျိုးများ လိမ့်မယ်လို့ ထောက်ခံ သွားခဲ့ ပါတယ်။

ဖီးလစ်က “ကစားသမား တစ်ဦး အတွက် ပေါင်သန်း ၁၀၀ ဆိုတဲ့ ပမာဏဟာ တကယ့်ကို ရူးလောက်စရာ စျေးကွက် ပါပဲ။ ဒါပေမယ့် ဂရီလစ်ခ်ျဟာ တစ်ရာသီပြီး တစ်ရာသီ ပိုမို ကောင်းမွန်လာခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ကစားဟန်ဟာ ပရိတ်သတ်တွေကို တကယ့် ဖျော်ဖြေမှု ရသ ပေးစွမ်း နိုင်ပါတယ်။ ဒါပေမယ့် သူဟာ နည်းစနစ်ပိုင်း ဆိုင်ရာ မှာလည်း ထူးချွန်တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ သူဟာ လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ပါတယ်။

တစ်သင်းသင်းက သူ့အတွက် ပေါင်သန်း ၁၀၀ ဆိုတဲ့ ပမာဏကို သုံးစွဲ ချင်ပမလား? ကျွန်တော် ကတော့ ဂရီလစ်ခ်ျလို အရည်အသွေးမြင့် ကစားသမား တစ်ဦး အတွက် သူတို့ သုံးစွဲ ချင်လိမ့်မယ်လို့ ထင်ပါတယ်။ လာမည့် ဇန်နဝါရီ အပြောင်းအရွေ့ မှာတော့ သူ့ရဲ့ အပြောင်းအရွေ့ ဖြစ်ပေါ် လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချိန်ချိန် မှာတော့ တစ်သင်းသင်းက သူ့အတွက် ဒီလို ငွေကြေး သုံးစွဲ သွားပါလိမ့်မယ်။

သူဟာ ငယ်ရွယ် ပါသေးတယ်။ ပြီးတော့ သူဟာ အနည်းဆုံး ၆ နှစ် ၇ နှစ်လောက် အမြင့်ဆုံး အဆင့်မှာ ကစား နိုင်စွမ်း ရှိနေတဲ့ သူပါ။ သူ့ကို ဘဏ္ဍရေး အင်အား တောင့်တင်းတဲ့ အသင်းတွေသာ ခေါ်ယူဖို့ တက်နိုင်မှာပါ။ ဥပမာ ယူနိုက်တက် ဒါမှမဟုတ် စီးတီး တို့ပေါ့။ ဆန်ချိုဟာ ပေါင်သန်း ၁၀၀ ကျော် တန်ကြေး ရှိတယ်လို့ သိရ ပါတယ်။ ဒါပေမယ့် ကျွန်တော်သာ ယူနိုက်တက် ဆိုရင်တော့ ဂရီလစ်ခ်ျ ကိုပဲ ပိုမို ခေါ်ယူ ချင်ပါတယ်။

ဂရီလစ်ခ်ျ အနေနဲ့ လာမည့် ဇန်နဝါရီ အပြောင်းအရွေ့ ကာလမှာ ဗီလာပက် ကနေ ထွက်ခွာ သွားလိမ့်မယ်လို့ ကျွန်တော် လုံး၀ မမြင်မိပါဘူး။ သူဟာ ဒီရာသီ အက်စတွန်ဗီလာ အတွက် တစ်ခုခု လုပ်ပေးချင်တာကြောင့် အနည်းဆုံးတော့ ရာသီကုန်ထိ ကစား ပေးမှာပါ။ ဒါပေမယ့် လာမည့် နွေရာသီ အပြောင်းအရွေ့ မှာတော့ သူဟာ အနာဂတ် အတွက် ပြန်လည် သုံးသပ်မှု ပြုလုပ် သွားပါလိမ့်မယ်။” လို့ ဆိုခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular