spot_img

ဂျူဗင်တပ်စ်ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပေးရန် အက်ဂ်နယ်လီကို တောင်းဆိုနေကြပြီး ဂန္ထဝင်ကစားသမား ဒယ်လ်ပီယာရို ဥက္ကဋ္ဌဖြစ်လာဖွယ်ရှိ

ဥရောပစူပါလိဂ် အရှုပ်တော်ပုံ ဖြစ်ပေါ်လာခဲ့ပြီးနောက် လက်ရှိ ဂျူဗင်တပ်စ်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ အက်ဂ်နယ်လီအား ရာထူးမှ နုတ်ထွက်ပေးရန် ဝိုင်းဝန်းတောင်းဆိုနေကြပြီး ၎င်းနေရာတွင် ဂျူဗင်တပ်စ် ဂန္ထဝင်ကစားသမားဟောင်း ဒယ်လ်ပီယာရိုက ဥက္ကဋ္ဌဖြစ်လာဖွယ်ရှိနေသည်ဟု အီတလီမီဒီယာများက ဖော်ပြနေကြသည်။

ဂျူဗင်တပ်စ်အသင်း၏ အဓိက ရှယ်ယာပိုင်ရှင်တစ်ဦးဖြစ်သည့် ဂျွန်အယ်လ်ကန်ကိုယ်တိုင်ကလည်း အက်ဂ်နယ်လီသည် ယင်းကိစ္စအတွက် သူ၏ ရာထူးကို စွန့်လွှတ်သင့်သည်ဟုဆိုခဲ့ပြီး ပရိသတ်များကလည်း ဝိုင်းဝန်းဖိအားပေးနေကြသည်။

myan789

အက်ဂ်နယ်လီသည် ဥရောပစူပါလိဂ် ပြိုင်ပွဲဖြစ်လာတော့မည်မဟုတ်ဟု ဝန်ခံခဲ့သော်လည်း ယခုအချိန်အထိ ဥရောပစူပါလိဂ်အဖွဲ့ (ESM) တွင်ရှိ နေဆဲဖြစ်ပြီး ဥရောပကလပ်အသင်းများအဖွဲ့ချုပ် (ECA) ၏ ဥက္ကဋ္ဌ ရာထူးမှမူ နုတ်ထွက်ခဲ့ပြီးဖြစ်သည်။

အဓိက ရှယ်ယာရှင်တစ်ဦးဖြစ်သူ ဂျွန်အယ်လ်ကန်ကမူ ယင်းကိစ္စနှင့် ပတ်သက်ပြီး သူ၏ အမြင်များကို မေလ (၂၇)ရက်နေ့တွင် ပြုလုပ်မည့် ရှယ်ယာရှင်အစည်းအဝေး၌ ကြေညာမည်ဟု ဆိုထားပြီး အက်ဂ်နယ်လီကို ရာထူးမှ နုတ်ထွက်ရန်တောင်းဆိုလိမ့်မည်ဟု မီဒီယာများက ဆိုနေကြခြင်း ဖြစ်သည်။

၎င်းနေရာတွင် ESPN Italy တွင် ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် ဂျူဗင်တပ်စ် ဂန္ထဝင်ဘောလုံးသမားဒယ်လ်ပီယာရိုက အစားဝင်ရောက်လိမ့်မည်ဟုလည်း သုံးသပ်နေကြသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular