မိုချန်ဂလာဘတ် – ဖရန့်ဖတ် (စနေည ၈းဝ၀ နာရီ)
မိုချန်ဂလာဘတ်အသင်း အိမ်ကွင်းရှုံးပွဲနေမှုကို နောက် ဆုံးပွဲမှာ ရပ်တန့်နိုင်ခဲ့ပြီး နိုင်ပွဲပြန်ရခဲ့တယ်။ ဖရန့်ဖတ်ကလည်း အဝေးကွင်းနောက်ဆုံး(၈)ပွဲမှာ (၁)ပွဲသာ အရေးနိမ့်ထားတဲ့အ သင်းပါ။ ဖရန့်ဖတ်နဲ့စွန့်စားတာ ပိုကောင်းမယ်။
ဝုလ်ဖ်ဘတ် – ဘိုင်ယန်မြူးနစ် (စနေည ၈းဝ၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေအရတော့ ဘိုင်ယန်က အပြတ်အသတ်အသာစီးရနေတာ တွေ့ရပါတယ်။ ဘိုင်ယန်အနေနဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်းကတည်းက မရှုံး တော့တဲ့အပြင် ဝုလ်ဖ်ဘတ်ကွင်းမှာလည်း နောက်ဆုံး(၅)ပွဲ ဆက်တိုက် ဂိုးပြတ်အနိုင်ယူထားတာ တွေ့ရတယ်။ ဒါပေမဲ့ PSG အသင်းနဲ့ ပွဲကြီးပွဲကောင်းနွှဲထားရတဲ့ ဘိုင်ယန်ကစားသ မားပိုင်းက ပွဲပန်းမှုဒဏ်ကိုတော့ ကုစားနိုင်ဖို့ မဖြစ်နိုင်လောက် သေးဘူး။ အခုရာသီ ဝုလ်ဖ်ဘတ်ရဲ့ခြေစွမ်းက ဘိုင်ယန်အသင်း ပြီးခဲ့တဲ့ရာသီကြုံတွေ့ခဲ့တဲ့အသင်းတွေနဲ့ လုံးဝခြားနားနေပါ တယ်။ ဝုလ်ဖ်ဘတ်ကိုပဲ အရဲစွန့်ရွေးချယ်ချင်တယ်။
ဖရိုင်းဘတ် – ရှော်လ်ကေး (စနေည ၈းဝ၀ နာရီ)
ဖရိုင်းဘတ်အသင်း နောက်ဆုံးကစားတဲ့(၅)ပွဲမှာ (၄)ပွဲ အထိ အရေးနိမ့်ထားပါတယ်။ ဒီတစ်ပွဲတော့ ဖရိုင်းဘတ်အသင်း နိုင်ပွဲပြန်ယူဖို့များတယ်။
အူန်ယွန်းဘာလင် – စတုဂတ် (စနေည ၈းဝ၀ နာရီ)
အူန်ယွန်းဘာလင်က အိမ်ကွင်း(၁၃)ပွဲဆက် ရှုံးပွဲမရှိပေ မဲ့ သရေပွဲတွေများနေတာ သတိပြုရမှာပါ။ စတုဂတ်အသင်း အ မှတ်မျှော်လင့်လို့ရပါတယ်။
အော့စ်ဘတ် – အာမီးနီးယား (စနေည ၈းဝ၀ နာရီ)
အာမီးနီးယားရဲ့အနေအထားနဲ့ အဝေးကွင်းရလဒ်တွေက ကောင်းမွန်တယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ အော့စ်ဘတ်ပဲ အိမ်ကွင်း နိုင်ပွဲဆက်ဖို့များတယ်။
လေဗာကူဆင် – ကိုလုံး (စနေည ၁၁းဝ၀ နာရီ)
လက်ရှိအခြေအနေမှာ ကိုလုံးက အမှတ်ပိုလိုနေပေမဲ့ အဝေးကွင်းရှုံးပွဲဆက်နေလို့ မျှော်လင့်လို့တော့ မရပါဘူး။ လေ ဗာကူဆင်ပဲ ရွေးချယ်ချင်တယ်။