၀ါဒါဘရီမင် – လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် မေလ ၁ ရက် နံနက် ၁:၀၀ နာရီ)
ဘွန်ဒစ်လီဂါကို လိုက်ပ်ဇစ်အသင်း တန်းတက်လာပြီးကတည်းက ၀ါဒါဘရီမင်နဲ့တွေ့ဆုံမှုတွေမှာ အသာစီးရထားပြီး နောက်ဆုံး(၄)ပွဲဆက်တိုက်လည်း ဂိုးပြတ်အနိုင်ကစားထားတာ တွေ့ရတယ်။ လိုက်ပ်ဇစ်အနေနဲ့ ဘွန်ဒစ်လီဂါမှာ အဆင့်(၂)နေရာက သေချာသလောက်ဖြစ်နေလို့ ဂျာမန်ဖလားတစ်ခုတည်းကိုပဲ အပြည့်အဝအာရုံစိုက်ခွင့်ရနေတယ်။ လိုက်ပ်ဇစ်အနေနဲ့ နောက်ပိုင်းကစားခဲ့တဲ့ အမှတ်ပေးပွဲတွေမှာ ရလဒ်ပိုင်း အတက်အကျများပေမဲ့ အမှတ်သိပ်မလိုအပ်တော့တဲ့ အခြေအနေဖြစ်နေတာကိုတော့ သတိပြုရမယ်။ ဒါပေမဲ့ လိုက်ပ်ဇစ်တိုက်စစ်ပိုင်းက ဆော်လော့သ်၊ အန်ကန်ကူ၊ အော်လ်မိုတို့ လတ်တလောဂိုးပေါက်နေတဲ့အနေအထားက အနည်းငယ်စိုးရိမ်စရာ ရှိပါတယ်။ ၀ါဒါဘရီမင်အသင်းကတော့ ဂျာမန်ဖလားမှာ သိပ်လျှော့တွက်လို့မရတဲ့စာရင်းထဲ ထည့်လို့ရပါတယ်။ တစ်ဖက်မှာ ဘွန်ဒစ်လီဂါတန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရပေမဲ့ ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်နေလို့ ၀ါဒါဘရီမင်အသင်း အားကုန်ရုန်းဦးမှာပါ။ ၀ါဒါဘရီမင်အသင်း ဂိုးပြတ်မရှုံးလောက်ဘူး။