spot_img

ဂျရူးနှင့် တင်းမာမှုရှိခဲ့သည်ဆိုခြင်းကို ဘာပေ ဝန်ခံခဲ့သော်လည်း အသေးအမွှားအချင်းများမှုတစ်ခုသာဖြစ်သည်ဟု ပြောကြားခဲ့

ပြင်သစ်အသင်း၏ ကြယ်ပွင့်တိုက်စစ်မှူး ဘာပေက အသင်းဖော် ဂျရူးနှင့် တင်းမာမှုရှိခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း မဖြစ်စလောက် အသေးအမွှားအချင်းများမှုတစ်ခုသာဖြစ်သည်ဟု ဂျာမနီနှင့်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂျရူးသည် ဘူလ်ဂေးရီးယားအသင်းကို (၃-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့် ခြေစမ်းပွဲတွင် ဘန်ဇီမာ၏နေရာ၌ လူစားဝင်ကစားကာ (၂)ဂိုးသွင်းယူခဲ့သော်လည်း ပွဲအပြီးတွင် အသင်းဖော်များအနေဖြင့် မိမိကို ဘောလုံးပေးမကစားခဲ့ကြောင်း ဘာပေကို ရည်ရွယ်ကာ ပြစ်တင်ပြောကြားခဲ့ခြင်းကြောင့် ၎င်းတို့နှစ်ဦးအကြား အဖုအထစ်ဖြစ်နေပြီဖြစ်ကြောင်း မီဒီယာများက သုံးသပ်ဖော်ပြခဲ့ကြသည်။

myan789

ယခုအခါ ယင်းအခြေအနေနှင့် ပတ်သက်၍ ဘာပေအား မေးမြန်းခဲ့ရာ ၎င်းက မှန်ကန်ကြောင်း ဝန်ခံပြော ကြားခဲ့ခြင်းဖြစ်သည်။

ဘာပေက ”ဘာတွေဖြစ်ခဲ့သလဲဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ မှန်ပါတယ်။ ဒီအတွက် ကျွန်တော် စိတ်နည်းနည်းထိခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ကြီးမားတဲ့အကြောင်းအရာ မဖြစ်စေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပြင်သစ်နိုင်ငံကို ကိုယ်စားပြုနေတာကြောင့်ပါ။ ဒါက အရေးအကြီးဆုံးအရာပါ။ သူပြောခဲ့တဲ့စကားက ကျွန်တော့်ကို ဒီထက်လည်း စိတ်အနှောင့်အယှက်မဖြစ်စေပါဘူး။ ကျွန်တော်ကတော့ တိုက်စစ်မှူးတစ်ယောက်ဖြစ်လို့ ဒီလိုခံစားချက်မျိုးကို ပွဲတစ်ပွဲမှာ (၃၆၅)ခါလောက် ခံစားရပါတယ်။ ပွဲအပြီးမှာ ကျွန်တော် သူ့ကို ဂုဏ်ပြုစကားပြောခဲ့ပါတယ်။ သူ ဘာမှ ပြန်မပြောပါဘူး။ ပြီးတော့ မီဒီယာကအသံတွေကို ကျွန်တော် ကြားရပါတယ်။ သူ ဘာမှ ဆိုးဆိုးရွားရွားမပြောခဲ့ပါဘူး။ ဒါ ပြဿနာတစ်ခု မဟုတ်ပါဘူး။ အသေးအမွှားကိစ္စ လေးပါပဲ”ဟု ပြောကြားခဲ့သည်။

ဂျာနယ်လစ်တစ်ဦးက ”ဂျရူးထက် ဘန်ဇီမာနှင့် နေမာတို့ကို ဘောလုံးပိုပေးခဲ့ကစားတာကို ဘာပြောချင်သလဲ”ဟု မေးမြန်းခဲ့ရာတွင်လည်း ဘာပေက ”ကျွန်တော်က ဂျရူးကို ဘောလုံးမပေးချင်ဘူးလို့ ခင်ဗျားပြောနေတာလား။ နေမာက ပွဲတစ်ပွဲမှာ ဘောလုံးနဲ့ အကြိမ်(၁၅၀)လောက်ထိပြီး ဘန်ဇီမာက အကြိမ်(၈၀)လောက် ထိတွေ့ပါတယ်။ ဂျရူးက တိုက်စစ်ဇုန်ထဲ ပိုနေရာယူပြီး ဘောလုံးလက်ခံတဲ့သူပါ။ ကစားသမားတွေရဲ့ပုံစံချင်း ခြားနားပါတယ်။ ဒီအတွက် အငြင်းပွားဖို့ မလိုအပ်ပါဘူး”ဟု တုံ့ပြန်ဖြေဆိုခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular