spot_img

ဂျရတ်အား ချီးကျူးခဲ့ပြီး အနာဂတ်တွင် လီဗာပူးလ်နည်းပြ ဖြစ်လာမည်ဟု ယာဂန်ကလော့ပ် ပြောကြား

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အက်စတွန်ဗီလာနည်းပြ ဂျရတ်၏ စွမ်းဆောင်မှုများမှာ အလွန်ကောင်းမွန်ကြောင်းနှင့် ဂျရတ်အနေဖြင့် အနာဂတ်တွင် လီဗာပူးလ်နည်းပြဖြစ်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၆)အဖြစ် ယနေ့(စနေနေ့)တွင် အသင်းဂန္ထဝင်ကစားသမားဟောင်းတစ်ဦး ဖြစ်သည့် ဂျရတ် ကိုင်တွယ်နေသည့် အက်စတွန်ဗီလာအသင်းကို အိမ်ကွင်း အန်ဖီးလ်၌ လက်ခံကစားရမည်ဖြစ်သည်။

myan789

အက်စတွန်ဗီလာအသင်းနှင့်ကစားမည့်ပွဲအတွက် ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ယာဂန်ကလော့ပ်က ဂျရတ်ကို ချီးကျူးခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ဂျရတ်အနေဖြင့် အနာဂတ်တွင် လီဗာပူးလ်နည်းပြ ဖြစ်လာနိုင်သလားဟု မေးမြန်းခဲ့ရာ ကလော့ပ်က “ဟုတ်ကဲ့။ ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်လောက် ဖြစ်မလဲတော့ မသိပါဘူး။ နည်းပြဘဝမှာ ဂျရတ်ဟာ အကောင်းဆုံးစွမ်းဆောင်နေပြီး အသက်အရွယ်လည်း ငယ်သေးတာကြောင့် တစ်နေ့မှာ လီဗာပူးလ်နည်းပြ ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါက အားလုံးအတွက်လည်း အကောင်းဆုံးဖြစ်မှာပါ”ဟု ပြောကြားခဲ့သည်။

ထို့ပြင် ကလော့ပ်က ယနေ့ကစားမည့်ပွဲတွင် အက်စတွန်ဗီလာအသင်း ဂိုးရပါက ဂျရတ်အနေဖြင့် အောင်ပွဲခံနိုင်ကြောင်းနှင့် လီဗာပူးလ်ပရိသတ်အနေဖြင့် အသင်းဂန္ထဝင်ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ဂျရတ်ကို ကြိုဆိုမည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular