spot_img

ဂျက်ဖောင်တိန်နောက်ပိုင်း ပြင်သစ်အသင်းအတွက် တစ်ပွဲတည်း(၄) ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် ဘာပေ မှတ်တမ်းဝင်

ပြင်သစ်အသင်း၏ ကြယ်ပွင့်တိုက်စစ်မှူး ဘာပေ သည် ကာဇက်စတန်နှင့် ယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် (၄)ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ဂန္ထဝင်တိုက်စစ်မှူး ဂျက်ဖောင်တိန်နောက်ပိုင်း ပြင်သစ်အသင်းအတွက် တစ်ပွဲတည်း(၄)ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဘာပေသည် ၂၀၁၇ ခုနှစ်တွင် ပြင်သစ်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး အချိန်တိုအတွင်း၌ အသင်း၏ဦးဆောင်တိုက်စစ်ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း တစ်ပွဲတည်းတွင် အများဆုံး(၂)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

myan789

ထို့ကြောင့် ၎င်းအနေဖြင့် ပြင်သစ်အသင်းအတွက် ပထမဆုံးဟက်ထရစ် သွင်းယူနိုင်ခြင်းဖြစ်ခဲ့ရုံသာမက နှစ်ပေါင်း(၆၀)ကျော်ကာလအတွင်း တစ်ပွဲတည်း (၄)ဂိုးသွင်းယူနိုင်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။

ပြင်သစ်အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် အဆင့်(၈)နေရာ၌ ရပ်တည်နေသည့် ဂျက်ဖောင်တိန်(ကွယ်လွန်)သည် လက်ရွေးစင်ကစားသမားသက်တမ်း (၇)နှစ်သာကြာမြင့်ခဲ့သော်လည်း (၂၁)ပွဲ ကစားကာ ဂိုး(၃၀) သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဟက်ထရစ်(၅)ကြိမ် သွင်းယူနိုင်ခဲ့သည့်အနက် ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အနောက်ဂျာမနီအသင်းကို (၆-၃)ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် တစ်ပွဲတည်း (၄)ဂိုး သွင်းယူနိုင်ခဲ့သည်။

ဂျက်ဖောင်တိန်သည် အဆိုပါပြိုင်ပွဲ၌ (၁၃)ဂိုးသွင်းယူကာ ဂိုးသွင်းဘုရင်ဆုရရှိခဲ့ပြီး ယင်းသွင်းဂိုးအရေအတွက်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ စံချိန်မှတ်တမ်းတစ်ခုအဖြစ်လည်း လက်ရှိအချိန်အထိ တည်မြဲနေသည်။

ယင်းကဲ့သို့ ဂျက်ဖောင်တိန် (၄)ဂိုးသွင်းယူခဲ့ပြီး နောက်ပိုင်းတွင် ပြင်သစ်အသင်းအတွက် တစ်ပွဲတည်း (၄)ဂိုးသွင်းယူနိုင်သူ ပေါ်ထွက်ခြင်းမရှိတော့ဘဲ နှစ်ပေါင်း(၆၃)နှစ်ကြာမှ ဘာပေက စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular