spot_img

ဂီဗာဒီယိုလ်ကိုခေါ်ယူရန် မန်စီးတီး ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီး ပြောင်းရွှေ့ကြေးယူရိုသန်း (၁၀၀)ရရှိရန် လိုက်ပ်ဇစ်အသင်း လိုလားနေ

မန်စီးတီးအသင်းသည် လိုက်ပ်ဇစ်အသင်းမှ ခရိုအေးရှားနောက်ခံလူ ဂီဗာဒီယိုလ်ကို ခေါ်ယူရန် ကစားသမားနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့သော်လည်း လိုက်ပ်ဇစ်အသင်းက ၎င်းအတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ယူရိုသန်း(၁၀၀) ရရှိရန် လိုလားနေကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီတွင် ဖလား(၃)လုံးအောင်ပွဲ ရရှိခဲ့ပြီးနောက် ယခုနွေရာသီ၌ ထိပ်တန်းအားဖြည့်မှုများ ထပ်မံပြုလုပ်ရန် စီစဉ်လျက်ရှိသည်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အသင်းကို နေရာစုံ၌ အားဖြည့်မှုပြုလုပ်သွားရန် ရည်ရွယ်ထားပြီး ဂီဗာဒီယိုလ်နှင့်အတူ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်၊ ချယ်လ်ဆီးကွင်းလယ်လူ ကိုဗာချစ်နှင့် နာပိုလီနောက်ခံလူ ကင်မင်ဂျေးတို့ကိုလည်း ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။ ကိုဗာချစ်ကိုမူ ချယ်လ်ဆီးအသင်းနှင့် ပြောင်းရွှေ့ကြေးနှုန်းထားပင် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းလည်း သိရသည်။

myan789

ဂီဗာဒီယိုလ်သည် ပြီးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့သောကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလကတည်းက မန်စီးတီးအသင်း ခေါ်ယူရန် ပစ်မှတ်ထားခဲ့သည့် ကစားသမားတစ်ဦးဖြစ်သည်။ မန်စီးတီးအသင်းသည် ဂီဗာဒီယိုလ်(၂၁ နှစ်)ကို ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူခဲ့ပြီးနောက် လိုက်ပ်ဇစ်အသင်းထံ ပေါင်(၇၇)သန်း (ယူရိုသန်း ၉၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း လိုက်ပ်ဇစ်အသင်းက အနည်းဆုံး ပေါင်(၈၆)သန်း (ယူရိုသန်း ၁၀၀) လိုလားနေသောကြောင့် ထပ်မံကမ်း လှမ်းရဖွယ်ရှိနေသည်။ လိုက်ပ်ဇစ်အသင်းသည် ဂီဗာဒီယိုလ်နှင့် ချုပ်ဆိုထားသည့်စာချုပ်၌ လာမည့်နှစ် နွေရာသီတွင် အသင်းပြောင်းရွှေ့ပါက ယူရိုသန်း(၁၁၀)ဖြင့် ထွက်ခွာခွင့်ပြုရမည့် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုထားကြောင်းလည်း သိရသည်။

ဂီဗာဒီယိုလ်ကို ခေါ်ယူရန် မန်စီးတီးနှင့်အပြိုင် ဘိုင်ယန်မြူးနစ်နှင့် လီဗာပူးလ်တို့က စိတ်ဝင်စားခဲ့သော်လည်း ယူရိုသန်း(၇၀)ထက် ပိုပေးလိုခြင်းမရှိသောကြောင့် နောက်ဆုတ်သွားခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။ ဂီဗာဒီယိုလ်ကိုယ်တိုင်က မန်စီးတီးအသင်းထံ ပြောင်းရွှေ့လိုသည်ဟု လိုက်ပ်ဇစ်အသင်းကို အသိပေးခဲ့သောကြောင့် မန်စီးတီးအသင်းအနေဖြင့် ခေါ်ယူနိုင်ရန် အလားအလာပိုကောင်းသွားခဲ့သော်လည်း ယူရိုသန်း(၁၀၀)ပေးချေမှသာ အပြောင်းအရွှေ့ဖြစ်မြောက်လိမ့်မည်ဟု နီးစပ်သူများက သုံးသပ်ထားသည်။

ထို့ပြင် မန်စီးတီးအသင်းသည် ဂီဗာဒီယိုလ်ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုပြီး တစ်နှစ်ထပ်တိုးနိုင်သည့် သဘောတူညီမှု ပါဝင်ကြောင်းလည်း ဆိုခဲ့သည်။ ဂီဗာဒီယိုလ်သည် လိုက်ပ်ဇစ်အသင်း အလိုရှိနေသည့် ပြောင်းရွှေ့ကြေးအတိုင်း မန်စီးတီးအသင်းသို့ ရောက်ရှိခဲ့ပါက ဘောလုံးလောက၏ ပြောင်းရွှေ့ကြေးတန်ဖိုးအမြင့်ဆုံးနောက်ခံလူအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ လက်ရှိအချိန်၌ ပြောင်းရွှေ့ကြေးအမြင့်ဆုံးနောက်ခံလူအဖြစ် ရပ်တည်နေသူမှာ ၂၀၁၉ ခုနှစ်က လက်စတာမှ မန်ယူအသင်းသို့ ယူရို(၈၇.၁)သန်းဖြင့် ပြောင်းရွှေ့ခဲ့သည့် အင်္ဂလန်လက်ရွေးစင်ကစားသမား မက်ဂွိုင်းရား ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular