ဂါနာချိုအနေဖြင့်ပွဲထွက်ကစားသမားနေရာအတွက် မကြာမီ ယှဉ်ပြိုင်လာရန်မျှော်လင့်ကြောင်း တန်းဟက်ပြော

မနေ့ညက ဝုဖ်အသင်းနှင့်ကစားသည့်ပွဲတွင် မန်ယူအတွက် ဒုတိယအနိုင်ဂိုးသွင်းပေးခဲ့သည့် အာဂျင်တိုင်းလူငယ်ကစားသမား ဂါနာချိုကို မန်နေဂျာဖြစ်သူ တန်းဟက်က ချီးမွမ်းပြောဆိုလိုက်သည်။ ဂါနာချိုသည် ပါရမီရှင်ကစားသမားတစ်ဦးဖြစ်ကြောင်းလည်း တန်းဟက်က ချီးမွမ်းပြောဆိုလိုက်သည်။

ဝုဖ်နှင့်ကစားသည့်ပွဲတွင် ပွဲချိန် ၈၂ မိနစ်၌ ဂါနာချိုသည် ဆန်ချို၏နေရာတွင် ဝင်ကစားခြင်းဖြစ်သည်။ ထိုအချိန်တွင် မန်ယူသည် အနိုင်ဂိုးတစ်ဂိုးသာရရှိထားပြီး ဝုဖ်၏ချေပဂိုးရရှိရန် ဖိအားပေးခြင်းကို ခံနေရာသည်။ ဂါနာချိုသည် ဒဏ်ရာကြောင့်နှစ်လခန့်နားနေရခြင်းဖြစ်ပြီး ဝုဖ်နှင့်ပွဲကျမှ ပြန်ကစားနိုင်ခြင်းဖြစ်သည်။ အသက် ၁၈ နှစ်အရွယ်ရှိ တောင်ပံကစားသမားသည် ဝင်ကစားပြီး ၈ မိနစ်အကြာ ပွဲချိန် မိနစ် ၉၀ တွင် ဖာနန်ဒက်စ်ဖန်တီးပေး လိုက်သော ဘောလုံးကို ဆွဲပြေးပြီး ပြိုင်ဘက်ခံစစ်မှူးတစ်ဦးနှင့် ဂိုးသမားကို ကျော်ကာကန်သွင်းပြီး တစ်ဂိုးရသွားခြင်းဖြစ်သည်။ အဆိုပါ ဂိုးသည် ၎င်း၏ လက်ရှိဘောလုံးရာသီတွင် ၅ ဂိုးမြောက်သွင်းဂိုးဖြစ်သည်။

myan789

မန်ယူသည် ဂါနာချို၏သွင်းဂိုးကြောင့် ပွဲ၏နောက်ဆုံးမိနစ်များတွင် အခြေအနေကောင်းသွားပြီး အဆင့် ၄ အတွင်းဝင်ရေးအတွက် အဖိုးတန်အနိုင်သုံးမှတ်ကို ရရှိရန်လည်းသေချာသွားခဲ့သည်။ တန်းဟက်က ယခုအခါ ဂါနာချိုသည် ယုံကြည်ချက်များပိုမိုတိုးတက်လာပြီး မန်ယူသည် လက်ရှိဘောလုံးရာသီ လက်ကျန်လေးပွဲတွင် အကောင်းဆုံးအကူအညီပေးနိုင်ရန် မျှော်လင့်နေသည်။

“ဂါနာက သိပ်ကောင်းတဲ့ဂိုးတစ်ဂိုးကိုသွင်းပြခဲ့သလို သူလုပ်ပြသွားတာတွေကလည်း ကောင်းပါတယ်။ ဒီဂိုးက သူ့အတွက် ယုံကြည်ချက်တွေကို ပိုမိုတိုးပွားလာစေမှာ ဖြစ်ပါတယ်။ သူကအသင်းမှာ ပြန်လည်ပါဝင်လာနိုင်ပြီး ထိရောက်တဲ့ကူညီမှုတွေ ပေးနိုင်မယ်လို့ ယူဆပါတယ်။ ပါရမီရှင်ဘောလုံးသမားဆိုတာ တာဝန်ယူနိုင်သလို ရင့်ကျက်မှုလည်း ရှိပါတယ်။ သူ့မှာ ကျွမ်းကျင်မှုနဲ့ ယုံကြည်ချက်ရှိသလို ပြိုင်ဘက်ကိုလည်း လွှမ်းမိုးနိုင်ပါတယ်”ဟု တန်းဟက်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဂါနာချိုက ပွဲအတော်များများမှာလည်း ထိရောက်မှုရှိအောင်ကစားနိုင်ပါတယ်။ ပွဲထွက်ကစားသမားပဲဖြစ်စေ လူစားဝင်ပြီးပဲဖြစ်စေ ဂါနာချိုက အသင်းကို ထိထိရောက်ရောက် ကူညီနိုင်ပါတယ်။ သူ့အနေနဲ့လျင်လျင်မြန်မြန် တိုးတက်လာပြီး မကြာမီမှာ ပွဲထွက်ကစားသမားနေရာအတွက် ယှဉ်ပြိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု တန်းဟက်က ဆက်လက်ပြောဆိုသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular