spot_img

ဂရေဟမ်ပေါ်တာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ချဲလ်ဆီးအသင်းဘုတ်အဖွဲ့နှစ်ခြမ်းကွဲနေ

အသင်း၏ မန်နေဂျာပေါ်တာ၏ အနာဂတ်နှင့် ပတ်သက်၍ ချဲလ်ဆီးအသင်းဘုတ်အဖွဲ့ကြားတွင် အမြင်မတူမှုများဖြစ်ပွားနေပြီး သဘောထားကွဲလွဲနေကြောင်း သတင်းထွက်ပေါ်လာသည်။ ပေါ်တာအနေဖြင့် အသင်း၏ အနာဂတ်ကို အကောင်းဘက်သို့ ပြောင်းလဲနိုင်သည့် အရည်အချင်းရှိကြောင်း ချဲလ်ဆီးဘုတ်အဖွဲ့အချို့ကို ယုံအောင်သက်သေပြရန် လိုအပ်နေကြောင်း ဗြိတိန် မီဒီယာများက ဖော်ပြသည်။

ဘုတ်အဖွဲ့ဝင်အချို့က ပေါ်တာကိုင်တွယ်သောအချိန်တွင် ရလဒ်ဆိုးနေခြင်းကြောင့် ၎င်း၏ အနာဂတ်မှာ မရေမရာဖြစ်နေသော်လည်း အသင်း၏ ပိုင်ရှင်တစ်ဦးဖြစ်ပြီး အဓိက အသင်းကို အုပ်ချုပ်နေသော ဘိုလီကမူ ပေါ်တာဘက်မှ လက်ရှိအချိန်တွင်ထောက်ခံမှုပေးနေဆဲဖြစ်သည်။

myan789

ချဲလ်ဆီးအသင်းသည် ပိုင်ရှင်အပြောင်းအလဲဖြစ်ပြီးနောက် မကြာမီတွင် ချဲလ်ဆီးအတွက် ချန်ပီယံလိဂ်ဖလား အရယူပေးနိုင်ခဲ့သော တူချယ်ကို ထုတ်ကာ ပေါ်တာကို မန်နေဂျာရာထူးပေးအပ်ခဲ့ခြင်း ဖြစ်သည်။ အပြာရောင်အသင်းတွင် အပြောင်းအလဲများစွာ ဖြစ်နေခြင်းကြောင့် အသင်း၏ ကစားသမားများနှင့် ကွင်းအတွင်းရလဒ်များ ထိခိုက်နေခြင်းဖြစ်ပြီး ပေါ်တာကို အချိန်ပိုပေးသင့်သည်ဟု ဘိုလီက ယူဆကြောင်း မီဒီယာများက ဖော်ပြသည်။

ချဲလ်ဆီးသည် ယနေ့ညတွင် လိဒ်အသင်းနှင့် ရင်ဆိုင်ရရန်ရှိနေပြီး အနိုင်ရပါက ဖိအားများအတန်ငယ် သက်သာသွားနိုင်သည်။ ထို့ပြင်အင်္ဂါနေ့ညတွင် ဒေါ့မွန်နှင့်ကစားရမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှ ရလဒ်သည်လည်း ပေါ်တာ၏ အနာဂတ်အတွက် ကြီးမားသည့် အကျိုးသက်ရောက်မှု ရှိနိုင်သည်။

ပေါ်တာသည် ချဲလ်ဆီးကို ၁၅ ပွဲကိုင်တွယ်ရာတွင် ၂ ပွဲသာ အနိုင်ရရှိထားပြီး လိဒ်အသင်း ဒေါ့မွန်အသင်းတို့နှင့် ကစားသည့်ပွဲများတွင် ရလဒ်မကောင်းပါက ဘရိုက်တန်မန်နေဂျာဟောင်း ပေါ်တာသည် ချဲလ်ဆီးမန်နေဂျာဟောင်းလည်း ဖြစ်သွားနိုင်ကြောင်း သတင်းများက သုံးသပ်ဖော်ပြသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular