Sky Sports တွင် ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် အာဆင်နယ်ဂန္ထဝင် ပေါလ်မာဆင်က ဂရီးလစ်ရှ်အား ရောင်းထုတ်ရန် မန်စီးတီးအသင်းကို တိုက်တွန်းပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ပြီးခဲ့သည့်နွေရာသီတွင် ဂရီးလစ်ရှ်ုကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း (၁၀၀) ဖြင့် ခေါ်ယူခဲ့သည်။
သို့သော် ဂရီးလစ်ရှ်သည် ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် နောက်ပိုင်းပွဲစဉ်များတွင် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသူဖြစ်သည်။
ပေါလ်မာဆင်က ”ဂရီးလစ်ရှ်က ထိပ်တန်းကစားသမားတစ်ဦးပါ။ ဒါပေမဲ့ သူဟာ မန်စီးတီးအသင်းမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပြီး ပုံမှန်ပွဲထွက်ခွင့်ပါ ပျောက်ဆုံးနေတာပါ။ မန်စီးတီးအဖို့ အသင်းနဲ့မကိုက်တဲ့ ကစားသမားကို ဆက်မထိန်းသင့်ပါဘူး”ဟု ပြောကြားခဲ့သည်။